ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်းနေရာတစ်တစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိခဲ့သူပဲဖြစ်ပါတယ်။မင်းသမီးချော သံသာမိုးသိမ့် ကတော့ MRTV -4 မှာ လတ်တလောထုတ်လွှင်ပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo Credit - Than Thar Moe Theint

ဇာတ်လမ်းတွဲလေးကလည်း လက်ရှိမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို များစွာရရှိထားထားကိုလည်းတွေ့ရပါတယ်။ မင်းသမီးချော သံသာမိုးသိမ့် ကလည်း သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ချပြလေ့လည်းရရှိပါတယ်။ ယခုမှာဆိုရင်လည်း မင်းသမီးချော သံသာမိုးသိမ့် ကတော့ " အချစ်ဖွဲ့လေညင်း "ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်း ရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Than Thar Moe Theint

ဒီပုံလေးထဲမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ လေပန်ကာသေးသေးလေးကိုကိုင်ပြီး ချစ်စရာအမူရာလေးတွေနဲ့ အသည်းယားအောင်လုပ်လိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း သံသားမိုးသိမ့်က " ခလေးချည်း လှိမ့်အအော်ခံနေရတယ်လို့ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အချစ်တော်လေး သံသာမိုးသိမ့် ရဲ့ ဇာတ်လမ်းရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Than Thar Moe Theint

Photo Credit - Than Thar Moe Theint

Source - Than Thar Moe Theint's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။