ချစ်ပရိသတ်ကြီးရေ တေးဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားတဲ့ Rapအဆိုတော်မလေးကတော့ မိစန္ဒီ ပဲ ဖြစ်ပါတယ်။ သူမက အသံပါဝါကောင်းကောင်းနဲ့ စင်မြင့်ထက်မှာယုံကြည်မှုရှိစွာ သီဆိုရင်း ပရိသတ်ရင်ထဲ နေရာတစ်နေရာ အခိုင်အမာ ရယူထားနိုင်တဲ့ သူတစ်ယောက်ဆိုရင်လည်းမမှားနိုင်ပါဘူးနော် ။ ဒါ့အပြင် သူမက လူအများအပေါ်မှာ ရိုးသားပွင့်လင်းစွာပြောဆို ဆက်ဆံတက်တာကြောင့် သူမရဲ့ ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြတာပဲဖြစ်ပါတယ်......။

Photo credit - Mi Sandi's facebook account
Photo credit - Mi Sandi's facebook account

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အယ်လ်ဘမ်အသစ်တွေထွက်ဖို့ရှိနေပြီး ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာပြည်သူပြည်သားတွေ အိမ်မှာပဲ နားနေရတာပဲဖြစ်ပါတယ်။ အဆိုတော် မိစန္ဒီကလည်း အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီးအိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်းဖြစ်ပါတယ်.....။

Photo credit - Mi Sandi's facebook account
Photo credit - Mi Sandi's facebook account

အိမ်မှာနေရင်း သူမရဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ် ။ ယခုလက်ရှိမှာတော့ " သူတော်တော် ဆိုးဆိုး မမလူဆိုး " ဆိုတဲ့ စာသားလေးနဲ့အတူ ခပ်မိုက်မိုက်စတိုင်နဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Mi Sandi's facebook account
Photo credit - Mi Sandi's facebook account

Source & Photo credit - Mi Sandi's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။