မင်းသားချောလေးဟိန်းဝေယံကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုရဆွတ်ခူးထားကာ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုလည်း အခိုင်အမာ ရရှိနေသူလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေတဲ့ ဟိန်းဝေယံကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ 

Photo Credit : Hein Wai Yan ' s facebook acc
Photo Credit : Hein Wai Yan ' s facebook acc

တည်ကြည်တဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ဟိန်းဝေယံကတော့ ယနေ့အချိန်ထိ မိန်းကလေးတွေအသည်းစွဲချစ်ခင်အားပေးရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ​ကြွေလောက်စရာပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ မင်းသားချောလေးဟိန်းဝေယံရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ချစ်ခင်ရတဲ့ မိသားစုတွေ အားပေးကြတဲ့ ပရိသတ်တွေက ဝိုင်းဝန်းပြီးမွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit : Hein Wai Yan ' s facebook acc
Photo Credit : San San Win ' s facebook acc

ယခုမှာတော့ သားဖြစ်သူဟိန်းဝေယံကို မိခင်ဖြစ်သူက မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။ ဟိန်းဝေယံရဲ့ မိခင်ဖြစ်သူကတော့ " မေလ၁၂ရက်နေ့မှာကျရောက်တဲ့မေမေသားငယ်လေးမွေးနေ့အတွက်မေမေရဲ့မငြိုးနွမ်းတဲ့မေတ္တာအင်္သချေနွေးထွေးမူ့လေးပါသားငယ်လေးရေမေမေအရမ်းကိုချစ်တယ်....သားရယ်. "ဆိုပြီးရေးသားထားပါတယ်။ ချစ်ပရိသတ်တွေအတွက် ဟိန်းဝေယံတို့မိသားစုရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source : San San Win ' s facebook acc 

Photo Credit : San San Win ' s facebook acc
Photo Credit : San San Win ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။