MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းပါ။ သူမက နောက်ပိုင်းမှာ ကြော်ငြာတွေနဲ့ photo shooting တွေကို များစွာ ရိုက်ကူးလာရပြီး အနုပညာလောကမှာ နေရာတစ်ခုကို ရရှိနေပြီ ဖြစ်တဲ့ သူလေးပါနော်။ သူမရဲ့ ကြိုးစားမှုတွေကိုလည်း ပရိသတ်တွေက အသိပဲ ဖြစ်ပါတယ်.....။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

ဒါ့အပြင် ရှမ်းတိုင်းရင်းသူလေး ဖြစ်တဲ့ နန်းစန္ဒာလှထွန်းက စကားပြောဆို ပွင့်လင်းရိုးသားပြီး ဖော်ရွေလွန်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာလေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကြောင့် ပုရိသပရိသတ်တွေကို အခိုင်အမာရရှိကာ အောင်မြင်မှုများစွာ ရရှိနေတဲ့ သူလေးပါနော်.....။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

နန်းစန္ဒာလှထွန်းက ယခုမှာတော့ လှပတဲ့ ရှမ်းတိုင်းရင်းသူ ဝတ်စုံလေးနဲ့ ပလိုင်းလေးကို လွယ်ကာ အထာကျကျပိုစ့်ပေးနေတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက မြင်သူငေးရအောင် ဆွဲဆောင်မှုရှိရှိ လှနေပြီး " တောင်ပေါ်မြေမှာ ပဲပုတ်စားနိုင်ရင်လေ လိုက်ခဲ့ပါ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ကဲ ချစ်ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ ပုံလေးတွေကို ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်..... ။

Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account
Photo credit - Nan Sandar Hla Htun's facebook account

Source & Photo credit - Nan Sandar Hla Htun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။