ပရိတ်သတ်ကြီးရေ....နိုင်ငံကျော်ဘောလုံးသမားအောင်သူရဲ့ ဇနီးချောလေးဖြစ်တဲ့ မင်းသမီးလေးပိုးအိအိခန့်ကိုသိကြမယ်ထင်ပါတယ်နော်။
သူမဟာ ဗီဒီယိုဇာတ်ကားတွေကနေတစ်ဆင့် အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး ယခုဆိုရင်သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။ပိုးအိရဲ့သားလေး သဲကိုးဟာဆိုရင်လည်း ၀ကစ်ကစ်လေးနဲ့ အရမ်းချစ်စရာကောင်းတာပါနော်။
ပိုးအိဟာ မိသားစုကိုအချိန်ပေးတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်နားထားတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ရပ်ထားပေမယ့်ပရိတ်သတ်တွေကတော့ သူမကိုရော သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြတာပါ။ အောင်သူဟာလည်း ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်တာကြောင့် ပိုးအိတစ်ယောက်ကံကောင်းတယ်လို့ ဆိုရမှာပါနော်။
ပိုးအိအိခန့်ဟာ သူမတို့မိသားစုပုံရိပ်လေးတွေနဲ့ သားလေးသဲကိုးရဲ့ပုံလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။ မကြာသေးခင်ကတော့ သူမရဲ့Facebookစာမျက်နှာမှာ လေ့ကျင့်ခန်းလုပ်နေတဲ့သူမရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမဟာပရိတ်သတ်တွေကိုလည်းသူမနဲ့အတူ တလတိတိလိုက်လုပ်ကြဖို့လည်းပြောထားပါသေးတယ်နော်။ ပရိတ်သတ်တွေအတွက် ပိုးအိခန့်ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။