အစ္စလာမ် ဘာသာဝင် အများဆုံး နေထိုင်ကြသော အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာကျော် ဗုဒ္ဓဘာသာ ရှေးဟောင်းကျောင်းတော်ကြီး တည်ရှိနေတယ်ဆိုတာ သိပြီးပြီလား ပရိသတ်ကြီးရေ....။ ထိုရှေးဟောင်း သမိုင်းဝင် အဆောက်အအုံဖြစ်တဲ့ "Borobudur" ဗောရောဗုဓ ကျောင်းတော်ဟာ ကိုးရာစုက တည်ဆောက်ခဲ့တဲ့ မဟာယန ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

photo credit pngtree

ထိုကျောင်းတော်ဟာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ဂျာဗား အလယ်ပိုင်း၊ မေဂျလန်တွင် တည်ရှိတာပါ။ ကမ္ဘာ့အကြီးဆုံး ဘာသာရေး အဆောက်အအုံများအနက်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တစ်ဖက်လျှင် ၃၈၆ ပေစီရှိတဲ့ လေးထောင့်ပန္နက်ပေါ်မှာ တည်ထားတဲ့ ဗောရောဗုဓ ဟာစတုရန်းပုံ အဆင့်ခြောက်ဆင့်နှင့် အဝိုင်းပုံအဆင့်သုံးဆင့် တည်ဆောက်ထားပြီး အဆာက်အအုံရဲ့ ထိပ်အလယ်ပိုင်းကို အမိုးခုံးတစ်ခုဖြင့် အုပ်မိုးထားတာ ဖြစ်ပါတယ်။

photo credit pngtree

ထိုအဆောက်အအုံကြီးကို ရုပ်ကြွများရှိတဲ့ အကွက်ပေါင်း ၂၆၇၂ ခုနှင့် ဗုဒ္ဓဆင်းတု ၅၀၄ ခု ဖြင့် အလှဆင်ထားတာပါ။ အဆောက်အအုံအလယ်၊ အမိုးခုံးပတ်လည်ရှိ အပေါက်များမှာ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၇၂ ဆူရှိပါတယ်။ ဗောရောဗုဓကို ဆေးလင်ဒြာမင်းဆက်၊ အေဒီ ကိုးရာစုမှာ ဂျာဗာဗုဒ္ဓဘာသာ ဗိသုကာပုံစံအတိုင်း တည်ဆောက်ခဲ့တာပါ။ အင်ဒိုနီးရှားဒေသခံများ ဘိုးဘွားစဉ်ဆက် ရှိခိုးပူဇော်ခဲ့တဲ့ ယုံကြည်ကိုးကွယ်မှုများနှင့် ဗုဒ္ဓဘုရားရှင်ရဲ့ နိဗ္ဗာန်စံဝင်မှုတို့ကို ရောယှက်ပုံဖော်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။