ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး သွန်းဆက်ကတော့ ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်းမှာ နေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တဲ့ သူလေးပါ။ သွန်းဆက်က အမြဲလိုလို သွက်သွက်လက်လက်ပြောဆို နေထိုင်တက်ပြီး ကလေးဆန်တဲ့ ချစ်စရာအမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေရ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်.... ။
လတ်တလောမှာတော့ သွန်းဆက်က အနုပညာလှုပ်ရှားမှုတွေကို ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ သွန်းဆက်က ဟာသTiktok videoလေးတွေကိုလည်း အပျင်းပြေရိုက်ကူးပြီး ပရိသတ်တွေကို အမြဲ မျှဝေပေးလေ့ရှိသူပါ။ ဒါ့အပြင် သူမက နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို ဝေမျှပေးလျက်ရှိနေပြီး ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပါနော်.....။
သွန်းဆက်က မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ " တစ်နေ့တစ်နေ့ ဘဝက မပျင်းရဘူး မှန်လေးကြည့်လိုက် အသားအရေ ကြည်ကြည် လေးနဲ့ လှလာလိုက် ချောလာလိုက် ဘာပဲ ဖြစ်ဖြစ် အိမ်ထဲမှာ နေရင်း နဲ့ ဆက်ပီး ချောပေးနေမှာပါ" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။
Source & Photo credit - Thun Sett's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။