စူစူလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ တောင့်တင်းလှပလွန်းတဲ့ ကောက်ကြောင်း အလှတရားတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာသက်တမ်း ဆယ်စုနှစ်ကျော်တိုင်ပြီပဲဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာလည်း အပိုလိုမရှိ သရုပ်ဆောင်နိုင်တာကြောင့်လည်း အနုပညာရှင်များကပင် ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်နေရတာပါ။
စူစူဟာ Tik Tok လေးတွေလည်း ဆော့ကစားလေ့ရှိပြီး ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှလေ့ရှိသူပါ။ သူမရဲ့ Tik Tok ဗီဒီယိုလေးတွေဟာလည်း အသည်းယားပြီး ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ စူစူဟာ ရှုတင်နားချိန်လေးတွေမှာလည်း ချစ်ရတဲ့ အနုပညာမောင်နှမတေနဲ့အတူ မကြာခဏ Tik Tok လေးတွေ ဆော့ကစားလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားပြန်ပြီပဲ ဖြစ်ပါတယ်။ ဒါကတော့ အမြဲတမ်းယုံကြည်တယ်ဆိုတဲ့သီချင်းလေးနဲ့ ချစ်စရာကောင်းလောက်အောင် Tik Tok ကစားထားတဲ့ အိချောပိုရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် အိချောပိုရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Credit- Ei Chaw Po’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။