ပရိတ်သတ်ကြီးရေ.....မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲစူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Mဆိုင်းလုကိုသိကြမယ်ထင်ပါတယ်နော်။
သူမဟာအမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ကြည်လင်၀င်းပတဲ့အသားအရည်လေးကြောင့် ပုရိသတွေသာမက မိန်းကလေးအချင်းချင်းပါသဘောကျရတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။


Mဆိုင်းလုဟာ ပြည်ပနိုင်ငံများထိလည်းထိုးဖောက်နိုင်တဲ့မော်ဒယ်တစ်ဦးဖြစ်ပြီး ပြည်ပဖက်ရှုင်ရှိုးပွဲများပါလျှောက်လှမ်းနေသူတစ်ဦးဆိုလည်းမမှားပါဘူး။
ဒါ့ပြင်သူမဟာ အမိုက်စားtik tokဗီဒီယိုလေးတွေပါ ရိုက်ပြီးတင်ပေးလေ့ရှိသူဖြစ်ပြီး ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။


Mဆိုင်းလုဟာ မကြာသေးမီကသူမရဲ့ Facebook my dayလေးမှာ My ambulanceဆိုတဲ့ ထိုင်းစီးရီးတွဲလေးကိုကြည့်ပီး ၀မ်းနည်းလို့ငိုခဲ့ရကြောင်းကိုတင်ပေးလာပါတယ်။ ဒီဇာတ်ကားလေးဟာ လတ်တလောတွင် ပရိတ်သတ်တွေကြားမှာလည်း ရေပန်းစားနေတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကိုလည်း ဒီဇာတ်ကားကောင်းလေးကိုကြည့်ဖို့ အကြံပြုပေးလိုက်ပါတယ်နော်......။


Source-M Seng Lu's Facebook my day
Photo credit-M Seng Lu's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။