ပရိတ်သတ်ကြီးရေ....နိုင်ငံကျော် ဘောလုံးသမားအောင်သူနဲ့ မင်းသမီးချောလေးပိုးအိအိခန့်တို့ရဲ့မိသားစုလေးကို သိကြမယ်ထင်ပါတယ်။
သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်မှုရရှိထားတဲ့သူတွေဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးသဲကိုး ကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။
ပိုးအိအိခန့်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ဦးဖြစ်တဲ့အပြင် အောင်သူဟာလည်း ထူးချွန်တဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပါ။
သားလေးသဲကိုးဟာလည်း အမြဲမျက်နှာချိုချိုလေးနဲ့ ချစ်စရာကောင်းနေတာကြောင့် ပရိတ်သတ်တွေကလည်း အချစ်ပိုနေရတာဖြစ်ပါတယ်။
မေမေပိုးအိဟာ မကြာခဏဆိုသလိုမိသားစုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် "ကတုံးကို ဆံထုံးနဲ့ မောင်ဖိုးလုံးလေး" ဆိုတဲ့captionလေးနဲ့ သားလေးရဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် သားလေးသဲကိုးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Poe Ei Ei Khant's Facebook acc
Photo credit-Poe Ei Ei Khant's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။