ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာလည်း ထူးချွန်သူ ဖြစ်ပြီး အနုပညာအလုပ်တိုင်းကို အောင်မြင်မှုတွေ ပိုမိုရရှိအောင် ကြိုးစားလုပ်ကိုင်နေသူ တစ်ဦးပါ။ အနုပညာအလုပ်တွေသာမက အိမ်မှုကိစ္စတွေကိုလည်း လစ်ဟင်းမှုမရှိရအောင်လည်း လုပ်ကိုင်တတ်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။



ပရိသတ်တွေကလည်း ပန်ပန်ကိုသာမကပဲ သူမရဲ့ သားလေးကိုလည်း ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ပန်ပန်ဟာ Home Stay ကာလလေးမှာ ချစ်ရတဲ့ မိသားစုကို တစ်နေ့တစ်မျိုးမရိုးရအောင် ဟင်းတွေအမယ်စုံအောင် ချက်ပြုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေး တစ်ခုတင်ထားပြန်ပြီပဲ ဖြစ်ပါတယ်။



ဒါကတော့ မေမေနဲ့မဆော့ရလို့ ငိုပြီးဂျီကျနေတဲ့ ဆုပန်ထွာသားလေး Roar Roar ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပန်ပန်ကလည်း " Roar Roar Kyaw အမေကိုဂျီကျချက်ကိုကြည့်ပါ။
တစ်နေ့တစ်နေ့အားချိန်မရ။ ချက်ရပြုတ်ရ၊ကလေးထိန်းရ။ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် Roar Roar ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Credit- Supan Htwar’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။