မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်ပြီး အနုပညာအရည်အချင်းပြည့်ဝသူလေးပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲလေးတွေသာမက ရုပ်ရုပ်ဇာတ်ကားကြီးတွေပါ ရိုက်ကူးခဲ့ရတဲ့ သံသာမိုးသိမ့်က အမာခံပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိနေတာ ဖြစ်ပါတယ် ။ သံသာမိုးသိမ့်အနေနဲ့ "ကျွန်မကမဟေသီ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း အရမ်းကိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Than Thar Moe Theint's FB Acc
Photo Credit -Than Thar Moe Theint's FB Acc
Photo Credit -Than Thar Moe Theint's FB Acc

ပရိသတ်တွေက သံသာမိုးသိမ့်ကို မိန်းမချောဆိုတဲ့ဗီလိန်ဇာတ်ရုပ်လေးနဲ့ သည်းသည်းလှုပ်အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သံသာမိုးသိမ့်က "အချစ်ဖွဲ့လေညင်း" ဇာတ်လမ်းတွဲလေးနဲ့ အောင်မြင်နေတာ ဖြစ်ပါတယ် ။ အခုလည်း သံသာမိုးသိမ့်က ချစ်စရာ Tik Tok ဗီဒီယိုလေးတစ်ခုကို မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit -Than Thar Moe Theint's FB Acc
Photo Credit -Than Thar Moe Theint's FB Acc
Photo Credit -Than Thar Moe Theint's FB Acc

သံသာမိုးသိမ့်က ချစ်စရာကောင်းတဲ့အိုက်တင်လေးတွေမျိုးစုံလုပ်ပြပြီး Tik Tok ကစားထားတာပဲ ဖြစ်ပါတယ် ။ ဒီအခွီတလိုင်းဗီဒီယိုလေးကို သံသာမိုးသိမ့်က "အဆင်ပြေတဲ့လူကြည့် မပြေတဲ့လူမကြည့်နဲ့ ဒါပဲ" ဆိုပြီးတင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သံသာမိုးသိမ့်ရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Than Thar Moe Theint's FB Acc

Photo Credit -Than Thar Moe Theint's FB Acc
Photo Credit -Than Thar Moe Theint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။