မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ စတင်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ ဝေဖန်မှုတွေကြားကနေ အကောင်းဆုံးကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက လက်ရှိအချိန်မှာ အရမ်းကိုအောင်မြင်နေပြီလည်း ဖြစ်ပါတယ် ။ ဖြူဖြူထွေးအနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ လက်တွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ကြော်ငြာတွေအများအပြားရိုက်ကူးနေရသလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း ပိုမိုရရှိနေတာဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးခြင်းခံနေရပြီး အမြဲတမ်းလိုလို ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဥ်ယဥ်လေးလှနေပြီး အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက လတ်တလောမှာရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ကပြလိုက်ပြီး Tik Tok ကစားထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။