မိတ်ကပ်ပညာရှင်များထဲတွင် အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေသူကတော့ ညီညီမောင်(စမ်းချောင်း)ပဲ ဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ရုံသာမကပဲ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူမရိုက်ကူးသရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။



အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရှုတင်မိတ်ကပ်ဆရာဘဝအစက အမှတ်တရအကြောင်းအရာလေးတွေကိုပြန်လည်ရေးသားဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။ " ရှုတင် မိတ်ကပ်ဆရာ ဘဝ အစ
မလတ် အကယ်ဒမီ နန္ဒာလှိုင် ကို ကားရိုက် စလိမ်းပြီးလိုက်တာပေါ့နော် ကားရိုက်တွေ မလိုက်ခင်ကတော့ မာမီအောင်ဆိုင်မှာသင်တန်းတက် အလုပ်ပြန်လုပ်တော့ အလုပ်ဝင်ဆိုတော့ တောက်တိုမယ်ရ အော်စလီ လက်လိမ်း အင်္ကျီလဲပေး ကလစ်ပေး ခွပေး ဆံပင်ခြင်းဆွဲပေါ့ နည်းနည်း ကြာလာတော့ ဆရာကပြင်ပေးလိုက်တဲ့ မင်းသမီးသစ်လေးတွေကိုချွေးထွက် အဆီပြန်လိုက်တို့ပေါ့ ဆံပင်လေးဘာလေးလိုလုပ်ပေးဘဝကနေ မလတ် က ရှုတင်လိုက်မလား ဆိုတော့ လိုက်ဖြစ်ခဲ့တာပါ ရှုတင်လိုက်တော့ဘာတက်လဲဆို အမြင်ပဲရှိတယ် အများ ကြီးမလိမ်းတက်သေးပါဘူး ဒါကို မလတ်က စိတ်ရှည်သည်းခံပြီးသင်ပေးခဲ့တာပါ စလိုက်ရတဲ့ရုပ်ရှင်ကား က ပြဒါးမဲ့မှန် နိုင်းနိုင်းမနန္ဒာ မဆင့် တို့ပါတယ်



နာမည်ကြီးတွေ နဲ့ စတွေ လိမ်းဘူးတော့ ယောင်လည်လည် ဟိုငေးသည်ငေးလေး ပေါ့ ရှုတင်ခုံလေးပြေးခင်း လိုက် မိတ်ကပ်ခြင်းလေးကိုင်လိုက်ပေါ့ တခုတော့ရှိတယ် အကယ်ဒမီ မင်းသမီးပေမဲ့ သု လိမ်းတဲ့မိတ်ကပ်ကို ဘယ်တော့မှ လူကြားထဲဖျက်ချတာ မရှိဘူး လူကြားထဲရောက်ရင်တောင် လိမ်းပေးပါဦးဆို မိတ်ကပ်ဆရာ ဇမ်းတင် ပေးတဲ့ မင်းသမီးကို လိုက်ရလို့ ရှုတင်လိုက်ရတာလဲ အရမ်းပျော်ခဲ့ရပါတယ်
ရုပ်ရှင်ရှုတင်လောကမှာတွင်းကျ ကျင်လည်ခဲ့တာ ၆နှစ်ကျော် အခုအချိန်ထိလည်းရုပ်ရှင်လော ကသားတွေ
ကျွေးတဲ့ထမင်းစားနေရတုန်းပါပဲ ရုပ်ရှင်လောကတည်း ကျင်လည်နေတုန်းပါပဲ
ကိုသားညီလဲအဲတုန်းက ပိန်ပိန်လေး သု လည်းဂျပိန်လေး ခုတော့ဟိဟိ
ရှုတင်လိုက်ခဲ့ရတဲ့ တစ်ခါကတစ်ဘဝပါပဲ
QueenThuThu " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
Source and Photo Credit- Nyi Nyi Maung’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။