Missတစ်‌ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့ပြီး အမိုက်စားဘော်ဒီကောက်ကြောင်းကို ပိုင်ဆိုင်ထားတဲ့သူလေးရွှေအိမ်စည်ကို သိကြမယ်ထင်ပါတယ်နော်။

သူမဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိတ်သတ်တွေသာမကအနုပညာရှင်အချင်းချင်းကပါ ချစ်ခင်ကြတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ အိမ်စည်လေးဟာမော်ဒယ်ပိုင်းသာမက ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေပြီး အနုပညာခြေလှမ်းသစ်တွေစတင်နေပြီဖြစ်ပါတယ်။

Photo credit- Shwe Eain Si's Facebook acc
Photo credit- Shwe Eain Si's Facebook acc

ရွှေအိမ်စည် ပါဝင်သရုပ်ဆောင်ထားတဲ့ ပဲ့တင်သံဆိုတဲ့ဇာတ်လမ်းတွဲဟာလည်း မကြာခင်တွင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကြီးကို သားညီကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အလင်းရောင်နဲ့မိုးယံဇွန်တို့လည်းပါဝင်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်းအိမ်စည်လေးကိုအားပေးကြမယ်မလား။

Photo credit- Shwe Eain Si's Facebook acc
Photo credit- Shwe Eain Si's Facebook acc

ရွှေအိမ်စည်ဟာ stay homeလုပ်ရင်း အရင်ကပုံလေးတွေကို အမှတ်တရအနေနဲ့ ပြန်တင်ပေးနေတာပါနော်။ ယခုလည်း သူမရဲ့ Facebookစာမျက်နှာတွင် ကမ်းခြေသွားခဲ့တုန်းကပုံလေးတွေကို ပြန်လည်တင်ပေးလာပါတယ်။ ပရိတ်သတ်တွေအတွက် အိမ်စည်လေးရဲ့ပုံလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- Shwe Eain Si's Facebook acc
Photo credit- Shwe Eain Si's Facebook acc

Source- Shwe Eain Si's Facebook acc

Photo credit- Shwe Eain Si's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။