ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်ဖို့ကောင်းလာပြီး သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းဟာလည်း အသည်းယားစရာကောင်းနေတာပါ။ သားလေးဟာ နှစ်ဖက်အဖိုး၊အဖွားတွေရဲ့ အသည်းတုန်မတတ်ချစ်ခြင်းတွေကိုရရှိထားရုံသာမကပဲ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပါ။ ပရိသတ်တွေဟာ သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit- May Thu’s Facebook Account
Photo Credit- May Thu’s Facebook Account
Photo Credit- May Thu’s Facebook Account

သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေဟာ လည်း ဘယ်ချိန်ကြည့်ကြည့်ကို အသည်းယားပြီးချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ ဖွားဖွားမေသူကလည်း မြေးလေးရဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း လီလီလုံးလေးရဲ့ဗီဒီယိုလေးတစ်ခုတင်ပေးလိုက်ပြန်ပါပြီနော်။

Photo Credit- May Thu’s Facebook Account
Photo Credit- Yunnlm’s Tok Tok Account
Photo Credit- Yunnlm’s Tok Tok Account

ဒါကတော့ တီတီယွန်းနဒီလွင်မိုး Tik Tok ရိုက်နေတာကိုဘေးကနေလိုက်ပြီးကခုန်နေတဲ့ Liam ရဲ့ ချစ်စရာ Video လေးပဲ ဖြစ်ပါတယ်။ သားလေးရဲ့ ကနေတဲ့ ပုံစံလေးဟာလည်း အူတွေအသည်းတွေယားစေလောက်အောင် ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Yunnlm’s Tik Tok Account and May Thu’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။