မင်းသမီးချောလေး မအေးသောင်းကတော့ ကိုယ်လုံးကိုယ်ပေါက်လှပပြီး မြန်မာဆန်တဲ့အလှမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ တစ်ချိန်က ဆံနွယ်ရှည်လေးတွေနဲ့ မဟာဆန်ဆန်လှခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း ငယ်ရွယ်နုပျိုတဲ့အလှတရားတွေနဲ့ တင့်တယ်နေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် မအေးသောင်းက မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကိုလိုက်ဖက်ပြီး ကျက်သရေရှိနေတာ ဖြစ်ပါတယ် ။

Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc

မအေးသောင်းက အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မအေးသောင်းက အိမ်မှာပဲနေနေတာဖြစ်ပြီး တစ်ခါတစ်လေမှာတော့ အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း မအေးသောင်းက နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ပြထားတဲ့ Tik Tok ဗီဒီယိုလေးကို မျှဝေခဲ့ပါသေးတယ်။

Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc

မအေးသောင်းက ကိုယ့်ချစ်သူနဲ့တွဲနေတဲ့သူကို စကားလုံးလှလှလေးနဲ့ ပညာပေးလိုက်တဲ့ပုံစံမျိုး သရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ် ။ အသည်းယားစဖွယ်အိုက်တင်လေးတွေနဲ့ မအေးသောင်းကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မအေးသောင်းရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Aye Thaung's FB Acc

Photo Credit- Aye Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။