ပရိတ်သတ်ကြီးရေ...... တစ်ခေတ်တစ်ခါက မြန်မာဗီဒီယိုလောကမှာ နာမည်ကျော်လူသိများခဲ့တဲ့ ဥက္ကာမင်းမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ Mister တစ်ယောက်အနေနဲ့လည်းဆုရရှိခဲ့တာဖြစ်ပြီး ယခုဆိုရင် New Yorkမှာပဲ အခြေချနေထိုင်နေတာဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ LGBTတစ်ယောက်အနေနဲ့လည်းခံယူထားတာဖြစ်ပြီး သူ့ရဲ့ချစ်သူနဲ့အတူပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။


ဥက္ကာမင်းမောင်ဟာ မြန်မာပြည်ကိုရံဖန်ရံခါပြန်လာလေ့ရှိပြီး အနုပညာအလုပ်တွေလည်းလုပ်ကိုင်လေ့ရှိပါတယ်။ သူဟာဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရသော်လည်း အေးဆေးတည်ငြိမ်စွာနဲ့ပဲနေထိုင်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဥက္ကာမင်းမင်ကိုချစ်ခင်အားပေးကြတယ်မလား။


ဥက္ကာမင်းမောင်ဟာ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပြီး မကြာသေးခင်ကသူ့ရဲ့ Facebookစာမျက်နှာတွင် "ဒီနေ့ New York မြို့မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်း ကို ဘုန်းဘုန်းတို့ အတွက်အစားအသောက်လိုအပ်တာလေးတွေသွားလှူတာ Covidကာလဆိုတော့ ဘုန်းကြီးကျောင်းအထဲမဝင်ရဘူး.. အပြင်က ခြင်းတောင်းလေးမှာပဲထည့်ခဲ့ရတယ်.. ဘုန်းဘုန်းက ထွက်နှူတ်ဆက်တော့ လမ်းမပေါ်ကပဲထိုင်ကန်တော့ခဲ့တယ်.. နှစ်သစ်ဦးကိုယ်တိုင်ကိုယ်ကျဆွမ်းကပ်ချင်တာ ဒီကာလကြီးပြီးမှပဲကပ်ရတော့မယ်"ဆိုပီး ရေးသားထားတာဖြစ်ပါတယ်။ ကဲ....ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source- Okkar Min Maung's Facebook page
Photo credit-Okkar Min Maung's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။