မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး မင်းသမီးတစ်လက်ပြီး ပရိသတ်အားပေးမှု အပြည့်အဝရရှိထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဓာတ်ပုံတွေဟာ လတ်တလော လူမှုကွန်ယက်မှာ ရေပန်းစားလို့နေပါတယ်။ တလောကမှ ရည်းစားကိစ္စနဲ့ပတ်သတ်ပြီး ဖြေရှင်းခဲ့တဲ့သူမဟာ ယခု ရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေကို ထပ်မံကြုံတွေ့လို့ နေပြန်ပါတယ်။
လတ်တလော ပျံ့နှံ့သူမရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်လွင်စေတဲ့ ဝတ်စုံနဲ့ ဓာတ်ပုံတွေဟာ ပရိသတ်အချို့ကြားမှာတော့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း ပရိသတ်အများစုကတော့ ဒါဟာ ခေတ်ကာလအလျောက် ဓာတ်ပုံရိုက်ကူးခြင်းသာ ဖြစ်ပါတယ်ဆိုပြီး ပြန်လည်ချေပထားတာမျိုးတွေ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ နာမည်ကြီး ဓာတ်ပုံဆရာ ဝဏ္ဏခွါနီးက ရိုက်ကူးပေးထားတာဖြစ်ပြီး သူ့ရဲ့အကောင့်မှာတော့ ယခုလို ရေးသားတင်ထားတွေ့ရပါတယ်။
"PEOPLE Magazine
မကြာမည်ထွက်ပါတော့မည်အားပေးကြပါအုံး
ကြိုက်ရင်လက်ခုပ်သံလေးကြားချင်ပ"
လက်ရှိမှာတော့ သင်ဇာဟာ အနုပညာအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး မင်းသားမြင့်မြတ်နဲ့ ဇာတ်ကားတစ်ကားရိုက်ကူးနေတာကို သူမရဲ့ လူမှုစာမျက်နှာ ဓာတ်ပုံများအရသိရပါတယ် ပရိသတ်ကြီးရေ......
Source: Wunna Khwar Nee
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။