အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ကလည်း ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူမရဲ့သမီးလေးမြူလင်းကိုကိုကိုလည်း ချစ်နေကြတာဖြစ်ပါတယ်။မြူလင်းကလည်း မေမေ့ရဲ့သွေးအပြည့်ပါတာကြောင့် အနုပညာအလုပ်တွေကိုဝါသနာပါပြီး လေ့လာနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ မြူလင်းလေးက မေမေတို့ရဲ့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေတာပါနော်။
                        
                            
                        
                            
                        
                            
                        
                            မေမေလင်းဇာနည်ဇော်လည်း သမီးလေးပြန်ရောက်လာတော့ အဖော်ရနေပြီး သားအမိနှစ်ယောက်က အတူသွား၊အတူစားနဲ့ မခွဲနိုင်အောင်အရမ်းချစ်နေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်က ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်နေတာဖြစ်ပြီး သမီးလေးကို လူမှုဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်နော်။
                        
                            
                        
                            
                        
                            
                        
                            သင်္ကြန်ကာလလေးမှာတော့ မြူလင်းကိုကိုတို့မိသားစုလေးက အိမ်ထဲမှာပဲနေကြပြီး ပျော်ပျော်ပါးပါး မုန့်လုပ်စားကြကာ ခြံထဲမှာပဲ ကစားကြတာဖြစ်ပါတယ်။ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့လေးမှာတော့ လင်းဇာနည်ဇော်တို့မိသားစုက ကြီးသူကို ငယ်သူကကန်တော့ပြီး ကုသိုလ်ယူကြတာဖြစ်ပါတယ်။မြူလင်းလေးကလည်း အိမ်ရှိလူအကုန်ကိုကန်တော့ပြီး မုန့်ဖိုးတောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
                        
                            
                        
                            
                        
                            
                        
                            Source&Photo Credit:Myu Lin Ko Ko's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။