မင်းသမီးချောလေးနော်ဖောအယ်ထားကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အသည်းယားစရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပုရိသတွေရဲ့ အသည်းတွေ ကြွေကျခဲ့ရတဲ့ သူမကတော့ MTV တွေ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေရတဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။

photo credit : Naw Phaw Eh Htar ' s facebook acc
photo credit : Naw Phaw Eh Htar ' s facebook acc

ဖိတ်ကြားခံရတဲ့ ပွဲတွေကိုလည်း တတ်ရောက်နေတဲ့ သူမကတော့ ရိုးရိုးရှင်းရှင်းနဲ့အေးချမ်းစွာနေထိုင်တတ်သူ​လေးဖြစ်ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလေးပဲဖြစ်ပါတယ်။ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။ 

photo credit : Naw Phaw Eh Htar ' s facebook acc
photo credit : Naw Phaw Eh Htar ' s facebook acc

သူမကတော့ ရိုးရှင်းတဲ့ ဖက်ရှင်လေးနဲ့ ကျက်သရေရှိလှပနေပြီး ချိုသာလွန်းတဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။ သူမကတော့ " HAPPY 1382 ကျန်းမာပျော်ရွှင်ကြပါစေ "ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ နော်ဖောအယ်ထားရဲ့ ချစ်စရာပုံရိပ်လေးတွေဟာ ပရိသတ်တွေရဲ့ ရင်ကိုအေးချမ်းစေခဲ့တာပဲဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် သူမရဲ့ အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ လှပနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Naw Phaw Eh Htar ' s facebook acc

photo credit : Naw Phaw Eh Htar ' s facebook acc
photo credit : Naw Phaw Eh Htar ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။