မင်းသမီးချောလေးအကယ်ဒမီစိုးပြည့်သဇင်ကတော့ ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။စိုးပြည့်လေးရဲ့ အနုပညာအရည်အသွေးတွေကလည်း ပြည့်ဝပြီး သူမကလည်းကြိုးစားတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်ပါတယ်နော်။စိုးပြည့်လေးကတော့ ချစ်မကြီးတွေလိုပဲ အနုပညာလောကမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာပါ။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ စိုးပြည့်လေးက မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာလို့ လျှောက်လှမ်းသမျှလမ်းတိုင်းဟာအောင်မြင်နေတာဖြစ်ပါတယ်။စိုးပြည့်ကလည်း သဘောမနောကောင်းပြီး စိတ်ထားလေးကဖြူစင်နူးညံ့သူလေးဖြစ်လို့ လူချစ်လူခင်ကပေါများပါတယ်နော်။စိုးပြည့်သဇင်ရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေကအားပေးဝန်းရံနေကြတာပါ။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

လတ်တလောမှာဆိုရင်တော့ စိုးပြည့်လည်း ဖေဖေ၊မေမေတို့နဲ့အတူ အိမ်ထဲမှာပဲနေထိုင်ပြီး သင်္ကြန်ကာလကို ဖြတ်သန်းနေတာဖြစ်ပါတယ်။စိုးပြည့်လေးကတော့ သူမရဲ့အိမ်နေရင်းပုံစံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးနေတာဖြစ်ပြီး အခုဆိုရင်လည်း နှစ်သစ်မှာ သဘာဝအလှလေးနဲ့ ကြည်လင်အေးချမ်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook Account
Photo Credit:Soe Pyae Thazin's Facebook Account

Source&Photo Credit:Soe Pyae Thazin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။