စန္ဒီမြင့်လွင်ကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တာကြောင့် အခုလိုအောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က သူမချစ်ရတဲ့မိသားစုလေးနဲ့ ပျော်ရွှင်စရာသင်္ကြန်ရက်လေးတွေကို အတူတူဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

စန္ဒီမြင့်လွင်ကတော့ သင်္ကြန်ပိတ်ရက်မှာအပြင်မထွက်ရပေမယ့် အိမ်မှာပဲ ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ ပျော်ပျော်ပါးပါးရေကစားနေတာ ဖြစ်ပါတယ် ။ ဒီနေ့သင်္ကြန်အတက်နေ့မှာလည်း စန္ဒီမြင့်လွင်တို့မိသားစုလေးက အိမ်ထဲမှာ လေထိုးရေကူးကန်လေးချပြီး အတူတူရေစိမ်နေကြတာ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ Treasure လေးကလည်း မေမေဆင်ပေးတဲ့ဝတ်စုံလှလှလေးဝတ်ပြီး အရမ်းကိုအသည်းယားစရာလေးဖြစ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

စန္ဒီမြင့်လွင်က "သင်္ကြန်အတက်နေ့မှာ အားလုံးပဲကျန်းမာချမ်းသာစီးပွါးတိုးပါစေ ကိုဗစ်ရန်မှအမြန်ဆုံးကင်းဝေးကြပါစေ ထရက်ရှာတို့မိသားစုမှဆုမွန်ကောင်းခြွေလိုက်ပါတယ်ရှင် ထရက်ရှာအရမ်းပျော်နေလို့အိမ်ထဲသင်္ကြန်အမှတ်တရ #stayhome" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရေကစားနေတဲ့ စန္ဒီမြင့်လွင်တို့မိသားစုလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Sandy Myint Lwin's FB Page

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။