မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ငယ်စဥ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အခုဆိုရင် ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သြစတေးလျနိုင်ငံကို သွားရောက်ပြီး ပညာဆက်လက်သင်ကြားနေတာ ဖြစ်ပါတယ် ။
ယွန်းဝတီလွင်မိုးက ကလေးတစ်ယောက်အမေဖြစ်ပေမယ့် အပျိုတုန်းလေးအတိုင်း မပြောင်းမလဲပဲ အရွယ်တင်နုပျိုလှပနေတာ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးက ပိန်ပိန်သွယ်သွယ် Body လေးကို ထိန်းထားနိုင်ပြီး တစ်သားမွေးတစ်သွေးလှနေတာ ဖြစ်ပါတယ် ။ အခုလည်း ယွန်းဝတီလွင်မိုးက ပရိသတ်တွေကြွေသွားစေမယ့်ပုံစံလေးနဲ့ Tik Tok ကစားထားပါသေးတယ်။
ယွန်းဝတီလွင်မိုးက အိမ်နေရင်းပုံစံလေးကနေ အမိုက်စားပုံစံလေးဖြစ်သွားအောင် အချိန်ခဏလေးအတွင်းမှာ ပြောင်းလဲပြလိုက်တာ ဖြစ်ပါတယ် ။ ခပ်မိုက်မိုက်စတိုင်လေးနဲ့ ရိုက်ကူးထားတဲ့ ယွန်းဝတီလွင်မိုးရဲ့ဗီဒီယိုလေးကတော့ အထာကျကျ ကြည့်ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit- Yunwlm's Tik Tok Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။