မော်ဒယ်လောကမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဘုန်းမင်းနေလက လက်ရှိမှာ တက်သစ်စ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ စမတ်ကျပြီး ကိုရီးယားဆန်တဲ့ ပုံစံလေးတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။
ဘုန်းမင်းနေလကတော့ မကြာခင်ကခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ကြော်ငြာတွေ Photo ရူတင်တွေ ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အနက်ရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိမိုက်လွန်းနေတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။
ပုံလေးထဲမှာ ဘုန်းမင်းနေလတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာ လည်းဖြစ်ပါတယ်။ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ဘုန်းမင်းနေလက အခုဆိုရင် ပရိသတ်တွေအားပေးမှုကို အခိုင်မာရရှိနေပြီဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ဘုန်းမင်းနေလရဲ့အမိုက်စားပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit : Phonemin Nay La Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။