KBS ရုပ်သံလိုင်းရဲ့ ဟာသအစီအစဉ်တစ်ခုမှာမြန်မာနိုင်ငံကို လာရောက်လည်ပါတ်ပုံတွေကိုထုတ်လွှင့်ခဲ့ရာ
ရန်ကုန်မြို ့ ၆ ထပ်ကြီးဘုရားသို့ရောက်ရှိပြီး ဘုရားပုံတော်အတိုင်းရုပ်ပြောင် ဓါတ်ပုံတွေရိုက်ခဲ့မှုအပေါ်
မြန်မာနိုင်ငံသားများမှ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသောကြောင့် KBS ကပြန်လည်တောင်းပန်လိုက်တာပါ ။
အဆိုပါ ၂ မိနစ်စာဇာတ်လမ်းတိုမှာ ခာက်ထပ်ကြီးဘုရားကို လာပြီး ဖူးတဲ့ ကိုရီးယား သရုပ်ဆောင် ၂ ဦးက
ဘုရားများရဲ့ အမူအရာအတိုင်း ဟာသဆန်ဆန်ပြောဆို လုပ်ဆောင်ခဲ့ကြတာကြောင့် ဝေဖန်ပြောဆိုခံနေရတာပါ။
KBS ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ “ မြန်မာပြည်သူများသို့ …ပထမဦးဆုံး အနေနဲ့ မြန်မာပရိတ်သတ်ကြီးကို ကျနော်တို့ တောင်းပန်ပါတယ်။ ကေဘီအက်စ် ဖျော်ဖြေရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပရိတ်သတ်ကြီးရဲ့ ရင်တွင်းခံစားချက် ကျနော် အပြည့်အဝ သဘောပေါက် နားလည်ပါတယ်။ ဘယ်လောက်ပဲ ရယ်စရာ ကောင်းနေပါစေ… ကျနော်တို့ အနေနဲ့ အခြား တိုင်းပြည် တပြည်ရဲ့ ယဉ်ကျေးမှု ပုံစံကို ရယ်ပွဲဖွဲ့တာမျိုး မလုပ်သင့်ဘူး ဆိုတာ နားလည်ပါတယ်။ ကျနော့် အနေနဲ့ ဒီလို အဆင်မပြေ အချိုးမကျတဲ့ တင်ပြမှု အတွက် ရိုးသားလေးစားစွာနဲ့ ထပ်မံတောင်းပန်အပ်ပါတယ်။ နောက်နောင်များ တွင်လည်း ဖျော်ဖြေရေး အစီအစဉ်များနဲ့ ပတ်သက်ပြီး ပိုမို သတိပြု တင်ပြသွားပါ့မယ်။ ကေဘီအက်စ်ရဲ့ ဖျော်ဖြေရေး အစီအစဉ်များကို နှစ်သက်တဲ့ မြန်မာပရိတ်သတ်ကြီးအား တောင်းပန်အပ်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။
Source : Irrawaddy
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။