ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချောရတနာဟာဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး ချစ်ရတဲ့မိသားစုကိုသာ ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ချောရတနာရဲ့ သားလေးနဲ့သမီးလေးကလည်း နည်းနည်းအရွယ်ရောက်လာပြီဖြစ်လို့ အနုပညာအလုပ်တွေကိုတစ်နိုင်တစ်ပိုင်လေးပြန်လည်လုပ်ဆောင်နေပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ပရိသတ်တွေကတော့ ချောရတနာရဲ့သာယာ‌နွေးထွေးတဲ့မိသားစုဘဝလေးကို အရမ်းအားကျကြပြီး ချောရတနာကိုလည်း ယနေ့အချိန်ထိ တစိုက်မက်မက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ချောရတနာရဲ့ သားလေးနဲ့သမီးငယ်လေး Co Coကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးတွေပြောတတ်လွန်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။ချောရတနာကတော့ ကလေးနှစ်ယောက်ကို သေချာသင်ကြားပြသပေးပြီး မိခင်မေတ္တာအပြည့်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

အခုလတ်တလောမှာဆိုရင်တော့ ချောရတနာတို့သားအမိတွေကအပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲနေကာ သီချင်းတွေဖွင့်ပြီးလည်းကနေတာဖြစ်ပါတယ်။ချောရတနာရဲ့သမီးငယ်လေး CoCoလေးကလည်း အရမ်းချစ်စရာကောင်းလွန်းလို့ အိမ်ရဲ့ဆည်းလည်းလေးပါနော်။အခုဆိုရင်တော့ CoCoလေးက ကိုကို့ကို နောက်ကနေဖတ်ပြီးအာဘွားတွေအားရပါးရပေးနေတဲ့ဗီဒီယိုဖိုင်လေးကို မေမေချောရတနာက မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Source&Photo Credit:Chaw Yadanar's Facebook Account

Video Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။