ပရိသတ်ကြီးရေ မင်းသမီးချောလေးနေခြည်ဦးကတော့ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေတာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေကိုရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။နေခြည်ဦးက Beauty Bloggerတစ်ယောက်အဖြစ်လည်း ပရိသတ်အများအပြားရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ပါနော်။


နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားကိုလည်း ရိုက်ကူးထားပြီး တက်သစ်စမင်းသမီးလေးလို့ ထင်ရက်စရာမရှိလောက်အောင် အိုင်တင်တွေကောင်းနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချီချီ့ရဲ့ အနုပညာအရည်အချင်းတွေကို လက်ခံကြပြီး သူမရဲ့လှုပ်ရှားမှုပုံရိပ်တိုင်းကို စောင့်ကြည့်နေကြတာပါနော်။နေခြည်ဦးက သူမရဲ့အလှအပရေးရာနဲ့ပတ်သက်ပြီးတော့လည်း ခေါင်းအစ ခြေအဆုံးကို ဂရုစိုက်ပါတယ်။


သူမက ကိုရီးယားနိုင်ငံကိုသွားရောက်ပြီးတော့လည်း ခွဲစိတ်ပြုပြင်မှု့အချို့လုပ်ဆောင်ခဲ့တာကိုလည်း ပရိသတ်တွေကိုချပြရဲတဲ့သူတစ်ယောက်ပါနော်။နေခြည်ဦးကတော့ တစ်နေ့တစ်ခြားပိုပိုလှလာပြီး အရုပ်မလေးနဲ့တောင်ပိုပိုတူလာပါတယ်နော်။အခုဆိုရင်လည်း ရေကူးကန်ထဲမှာ အတွင်းသားအလှတွေပေါ်လွင်နေတဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေလာတာဖြစ်ပါတယ်။


Source&Photo Credit:Nay Chi Oo's Instagram account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။