အကယ်ဒမီချောရတနာကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့မိခင်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်နော်။ချောရတနာက တစ်ခေတ်မှာလည်း ဗီဒီယိုဇာတ်ကားတွေအများအပြားကိုရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေရရှိထားတာပါနော်။အခုချိန်မှာဆိုရင်တော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာက လက်ရှိမှာဆိုရင် "ကျွန်မ"ဆိုတဲ့ ဇာတ်လမ်းတွဲကို ပထမဆုံးရိုက်ကူးမှာဖြစ်ပါတယ်။ချောရတနာနဲ့သန္တာဗိုလ်တို့ညီအစ်မနှစ်ယောက်လုံးက အဲ့ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ချောရတနာရဲ့အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်မြင်တွေ့ချင်ကြတာကြောင့် သူမရဲ့ အနုပညာအရည်အသွေးတွေကို တစ်ခဲနက်အားပေးဝန်းရံကြမှာဖြစ်ပါတယ်နော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

ချောရတနာကတော့ သားနဲ့သမီးနဲ့အတူ အိမ်ထဲမှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး သားအမိသုံးယောက်က သီချင်းတွေဖွင့်ပြီး ကခုန်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ချောရတနာက မိတ်ကပ်ညီညီမောင်ရဲ့ Challengeကိုလက်ခံပြီး အရင်ရည်းစားနဲ့အခုရည်းစား ဆိုပြီး ပုံလေးတင်ကာ စနောက်လိုက်တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Source&Photo Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။