ပရိတ်သတ်ကြီးရေ စိုင်းစိုင်းခမ်းလှိုင်နဲ့မောင်မောင်ပြည့်စုံတို့သီဆိုထားတဲ့ သိင်္ခါရသီချင်းတစ်ပုဒ်ဆိုတဲ့ တေးသီချင်းကောင်းလေးကိုသိကြတယ်မလား။ ဒီသီချင်းလေးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကိုလည်း သိကြမယ်ထင်ပါတယ်နော်။ သူမဟာလှပကျော့ရှင်းပြီး ကျက်သရေရှိလှတဲ့မျက်နှာလေးကြောင့် ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့ပြီး အားပေးမှုအပြည့်အဝ ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။ ပိုးမမှီသာ ယခုဆိုရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ပိတောက်ကတဲ့ဂီတဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးအောင်မြင်ထားတာဖြစ်ပါတယ်။

Photo credit-Poe Mamhe Thar's Facebook acc
Photo credit-Poe Mamhe Thar's Facebook acc

ပိုးမမှီသာဟာ မကြာသေးမီကသူမရဲ့Facebookစာမျက်နှာတွင် "အိမ်မှာတစ်ရက်လေးနေတယ် လျှောက် မွှေလိုက်တယ်သေချာတယ် ပိုးမမှီသာပဲများတာငယ်ငယ်ကတည်းကပဲ"ဆိုတဲ့ captionလေးနဲ့ သူမရဲ့ငယ်ဘ၀ပုံရိပ်လေးကိုတင်ပေးလာပါတယ်။ သူမဟာ ငယ်ဘ၀ပုံရိပ်လေးတွေမှာလည်း အင်မတန်ချစ်စရာကောင်းနေတာဖြစ်ပြီး ကြီးလာတဲ့အခါမှာတော့ ပိုပြီးလှသွေးကြွယ်လာတာဖြစ်ပါတယ်နော်။

Photo credit-Poe Mamhe Thar's Facebook acc
Photo credit-Poe Mamhe Thar's Facebook acc

ပိုးမမှီသာဟာ လတ်တလောတွင် အခြားသောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများ၊photo shootingများလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ တက်သစ်စအနုပညာရှင်လေးဖြစ်တဲ့ ပိုးမမှီသာကို ပရိတ်သတ်ကြီးအားပေးကြမယ်မလား။ ပိုးမမှီသာရဲ့ငယ်ဘ၀ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Mamhe Thar's Facebook acc
Photo credit-Poe Mamhe Thar's Facebook acc

Source-Poe Mamhe Thar's Facebook acc

Photo credit-Poe Mamhe Thar's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။