အသံအားအင်အပြည့်နဲ့ ပရိသတ်တွေကို အားရပါးရ ဖျော်ဖြေတတ်သူကတော့ အဆိုတော်မလေး ပိုပိုပဲ ဖြစ်ပါတယ်။ သူမဟာ သီဆိုတဲ့သီချင်းတိုင်းကိုလည်း ကိုယ်တိုင်ဖန်တီးရေးသား သီဆိုတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ သီချင်းဟောင်းလေးတွေကို ယနေ့ချိန်ထိ အားပေးနေကြဆဲလည်း ဖြစ်ပါတယ်။

Photo Credit- Po Po’s Facebook Account
Photo Credit- Po Po’s Facebook Account

အခုမှာလည်း လတ်တလောဖြစ်နေတဲ့ အရာလေးတွေနဲ့ ပက်သက်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စာလေးတွေ ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " ကိုယ်ကတော့ Virus ကူးပြီး သေချင်သေပါစေ

ဆွမ်းလောင်းမှာပဲ

မနေ့က အိမ်ရှေ့မှာ တွေ့တွေ့နေလို့

ဦးပဇ္ဇင်းနဲ့ ကိုရင်လေးကို တွေ့တော့

ဆွမ်းခံကြွပါ လို့ပြောပြီး 

Photo Credit- Po Po’s Facebook Account
Photo Credit- Po Po’s Facebook Account

အဒေါ်ကိုလဲ

သမီးလျော့စားမယ်လို့

ချိုင့်ထဲ သပိတ်ထဲကြည့်တော့ ပြောင်နေတာပဲ

ဘာမှမပါဘူး အဲ့နဲ့ ဆွမ်းလှူလိုက်တာ တော်တော်ပျော်သွားတယ် လူတွေ လှူမှ ဘုန်းပေးလို့မှာ သာသနာတော်ကို

ဆက်လက်ထမ်းရွက်နိုင်မှာမို့

အိမ်ရှေ့လဲ တန်းဆွမ်းလောင်းတယ်

သာသနာတော်နဲ့ ပတ်သက်ရင်

သေချင်သေပါစေ ငတ်ချင်ငတ်ပါစေ

အတတ်နိုင်ဆုံး လှူပါတယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်ဝေမျှတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Po Po’s Facebook Account 

Photo Credit- Po Po’s Facebook Account
Photo Credit- Po Po’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။