ပရိသတ်ကြီးကို မေးခွန်းထုတ်လိုက်တဲ့ အူဝဲ

ပရိသတ်ကြီးရေ အူဝဲကတော့ ချစ်တဲ့ ပရိသတ်တွေနဲ ့ချစ်တဲ့မိသားစုကြားမှာ ဗျာများနေပုံပါပဲ။

အူဝဲက ပရိသတ်ကြီးကို ပြောပြထားတဲ့ ရုပ်ရှင်ပြကွက်တစ်ကွက် အကြောင်းကို ဖတ်ပြီးတော့ အူဝဲအတွက် အဖြေပြန်ပေးလိုက်ပါဦးနော်။

ရုပ်ရှင်ပြကွက်တစ်ကွက်

အိန္ဒြာကျော်ဇင်တစ်ယောက် မိုးအေးအေးနဲ ့ အိပ်ယာပေါ်မှာ ခေါင်းအုံးကြီးပိုက်ပြီးအတွေးတွေနှင့်ပီတိဖြစ်နေ...

"အင်း...သုသုတို ့ကျောင်းကဒီနေ ့နောက်ဆုံးရက်..June, July ၂လကြီးများတောင်ပိတ်ပြီ...မနက်ဖန်ကစပြီးအစောကြီးထပြီး ကျောင်းပို ့တဲ့အလုပ်လဲနား..၂လလောက်လဲအိပ်ရေးဝဝအိပ်လို ့ရပြီ...ကလေးထက်အမေကပိုပျော်...ဟိ...

တစ်နေရာရာကိုခရီးထွက်ကြမယ်...ဘယ်တွေသွားရင်ကောင်းမလဲ...oversea တစ်ခုခုထွက်ရင်ကောင်းမလား...အင်း...beach သွားရင်ကောင်းမ

လား...သြော်...ဒါမှမဟုတ် တောင်ပေါ်ဒေသတစ်ခုခုဆိုရင်လဲ မဆိုးပါဘူး...ပြီးတော့ စားသောက်ဆိုင်အသစ်တွေလဲအများကြီးပဲ..အဲ့ဒါတွေလဲသွားစားရ

ဦးမယ်...ဟီ..ဟိ...

ကိုယ့်အတွေးနဲ ့ကိုယ်ပြုံးပြုံးကြီးကျေနပ်နေ

ထိုအချိန်တွင်အရင်ခေတ်က ရုပ်ရှင်များထဲကလို အိန္ဒြာကျော်ဇင် ဒုတိယတစ်ကိုယ် ညာဘက်ထောင့်မှဖျတ်ကနဲပေါ်လာပြီး

"ဒီမယ် မိအိန္ဒြာ.....

ညည်းမလဲ ဟိုသွားချင်ရတာနဲ ့ ဒီသွားချင်ရတာနဲ ့လျှမ်းဖို ့အ တွက် စားဖို ့အတွက်ပဲ ခေါင်းထဲမှာရှိတယ်...ဘယ်မှလျှောက်သွားဖို ့မစဉ်းစားနဲ ့...ညည်းပဲ

ကလေးကျောင်းရှိလို ့ဆိုပြီး ကားရိုက်တွေလက်မခံထားဘူးလေ..ခု ကလေးကျောင်းပိတ်ပြီ...June နဲ ့July ထဲမှာလက်ခံထားတာတွေ ရိုက်ပေးရဦး

မယ်လေ...ညည်းအနုပညာသမားမဟုတ်ဘူးလား..ဟမ်...ညည်းကိုချစ်တဲ့ပရိသတ်အတွက်ကို ညည်းတစ်လှည့်ပြန်ကြည့်ရဦးမယ်လေ...."

ပြောပြီး ဖျတ်ခနဲပျောက်သွား...

အိန္ဒြာကျော်ဇင် ပထမတစ်ကိုယ်မှ ဖြစ်သွားသောအိုက်တင်...

မျက်လုံးကပေကလပ် ပေကလပ်...ပါးစပ်ကအဟောင်းသား....လူကကျောက်ရုပ်လိုအတောင့်လိုက်ကြီးဖြစ်သွားပြီးမှ သတိပြန်ဝင်လာပြီး....

"ဟင်း…

သက်ပြင်းရှည်ကြီးချလိုက်ပါတယ်...

အဲ့ချိန်မှာပဲ ဘယ်ဘက်ထောင့်မှအသံတစ်သံ "

"အူဝဲ"

ဟင်..ငါ့ကိုဘယ်သူခေါ်လိုက်ပါလိမ့်....

ဟော..ရုပ်ရှင်ထဲကလို နောက်ထပ်တတိယတစ်ကိုယ် ထပ်ပေါ်လာပြန်ပြီ...သူကကျတော့...

"ကလေးကျောင်းပိတ်တုန်းပဲ မိသားစုနဲ ့ခရီးသွားဖို ့အခွင့်အရေးရှိတာ...သူများနိုင်ငံတွေမှာလဲဒီလိုပဲ...ကလေးရှိတဲ့မိသားစုတွေဆိုရင် ကျောင်းပိတ်ရက် vacation ခရီးတွေဘာတွေထွက်ကြတာ...ကိုယ်လဲသွားစရာရှိတာသွား...ကျောင်းဖွင့်တဲ့ချိန်မှာလဲအနုပညာအလုပ်တစ်ဖက်နဲ ့ကျောင်းကိစ္စ ကျုရှင်ကိစ္စ

ကိုယ်ပဲလုပ်ရတာ...ဒီလိုအချိန်မှမသွားရင် ဘယ်အချိန်သွားမလဲ..ဘာမှငဲ့မနေနဲ ့ ကိုယ့်မိသားစုပျော်သလိုသာနေ လူ ့ဘဝဆိုတာ တိုတိုလေး..."

ပြောပြီးထုံးစံအတိုင်း ဖျတ်ခနဲပျောက်သွားပြန်

ပထမတစ်ကိုယ်...ခေါင်းတငြိမ့်ငြိမ့်နဲ ့ပြုံးတော့မယ့်ဆဲဆဲ

(ထိုစကားကိုထောက်ခံသည့်ဟန်)

ဒုတိယတစ်ကိုယ်..."မိအိန္ဒြာ လောကကြီးမှာ ကိုယ့်အတွက်

ပဲကိုယ်ကြည့်လို ့မရဘူးနော်..ကိုယ့်ကို

ချစ်တဲ့ပရိသတ်ကိုညည်းမျက်နှာလွဲခဲပြစ်

လုပ်လို ့မရဘူး..."

ပထမတစ်ကိုယ်..."ဟင်"

တတိယတစ်ကိုယ်..."အူဝဲ ကိုယ့်မိသားစု live ဆိုတာရှိ

တယ်...ကိုယ့်ကလေးလေးတွေလဲ

သွားချင်ရှာမှာ..သူတို ့စိတ်ကလေး

တွေကိုလဲ ထည့်တွက်ပေးဦးလေ"....

ပထမတစ်ကိုယ်..."ဟော"

ဒုတိယတစ်ကိုယ်..." ဒီမယ်.ညည်းပရိသတ်တွေကလေ

ညည်းကို အချိန်ကုန်ခံ ပိုက်ဆံအကုန်

ခံပြီး ချစ်ကြ အားပေးကြတာ.အဲဒါကို

မမေ့နဲ ့..."

ပထမတစ်ကိုယ်..."အဲ"

တတိယတစ်ကိုယ်..."အူဝဲရေ..ကိုယ်လဲအနုပညာအလုပ်ကို

နှစ်တွေ အများကြီး

လုပ်ခဲ့ပြီးပြီ...ဒီကြားထဲလဲကိုယ်ကလုံးဝ

အဆက်ဖြတ်ထားတာမှမဟုတ်တာ...

ကလေးတွေအတွက်က

နွေရာသီ ကျောင်း

ပိတ်ရက်ဆိုတာ တစ်နှစ်လုံးနေမှ

တစ်ခါပိတ်တာ...မိသားစုကို အချိန်

ပေးတာဟာကိုယ်လဲစိတ်ချမ်းသာရသ

လိုကိုယ့်ကလေးတွေလဲပျော်ရတယ်"

ပထမတစ်ကိုယ်..."အင်း"

ဒုတိယတစ်ကိုယ်..."ညည်းဟာလေ အသက်ကြီးသာကြီး

သွားတယ်..စိတ်ကလိုက်မကြီးဘူး...

ခုထိပျော်ချင်ပါးချင်တဲ့စိတ်တွေကမ

ကုန်သေးဘူး..."

ပထမတစ်ကိုယ်..."ဟာ"

တတိယတစ်ကိုယ်..."လူတိုင်းကတော့ကိုယ့်အတ္တ

ကိုယ်ကြည့်ကြတာပဲ..တစ်ခါတလေ

လဲကိုယ့်အတ္တကိုဦးစားပေးဦးလေ..."

ပထမတစ်ကိုယ်..."အော်"

ဒုတိယတစ်ကိုယ်..."အနုပညာသမားဆိုတာ ကိုယ့်ကို

ကိုယ်ဘယ်တော့မှမပိုင်ဘူးဆိုတာ

ညည်းမမေ့နဲ ့....ညည်းကသာမန်အ

မေတစ်ယောက်မဟုတ်ဘူး...သရုပ်

ဆောင်တစ်ယောက်..."

တတိယတစ်ကိုယ်..." ကလေးတွေဆိုတာ အရေး

ကြီးတဲ့ အခန်းကဏ္ဌမှာပါတယ်...

တစ်နည်းအားဖြင့်ပြောရရင်နောင်လာ

မဲ့မျိုးဆက်သစ်တွေပါ...ဥပမာ-သူ

တို ့လေးတွေရဲ ့စိတ်ထဲမှာ ငါတို ့ကို

ငါတို ့မိဘကအချိန်မပေးဘူး အရေး

မပေးဘူးဆိုတာမျိုးစိတ်ထဲခံစားသွား

ရရင်မကောင်းဘူး...ကလေးတွေမှာ

စိတ်ဒဏ်ရာရသွားရင်လောကကြီးမှာ

ဘယ်အရာနဲ ့မှ သဟဇာတမဖြစ်

တော့ဘူး...အဲ့တော့ မင်းရဲ ့ရွေးချယ်

မှုမှန်ကန်ပါစေလို ့ပဲပြောချင်တယ်..."

ဤတွင်အိန္ဒြာကျော်ဇင်ပထမတစ်ကိုယ်၏အိုက်တင်မှာ(ရှေးခေတ်ကရုပ်ရှင်ထဲကလို) မျက်လုံးကိုပြူးပြီ ဘယ်ကြည့်လိုက် ညာကြည့်လိုက်, ဘယ်ကြည့်လိုက် ညာကြည့်လိုက် နဲ ့နောက်ဆုံးတော့ …

"အား..."

ဟုအော်ဟစ်ပြီး ခေါင်းအုံးကြီးကို မျက်နှာပေါ်အုပ်ချလိုက်ပါ

တော့သည်...

ဤတွင် ဇာတ်ဝင်ခန်းတစ်ခန်းပြီးဆုံးသွားပါသည်...

မှတ်ချက်-(သင်သည်ဤစာကိုဖတ်ပြီး ဒုတိယတစ်ကိုယ်နှင့်တတိယတစ်ကိုယ် မည်သူ ့ဘက်မှထောက်ခံပါမည်နည်း...

ချစ်ခင်သောအားဖြင့် ဖြေပေးစေလိုပါသည်)

အိန္ဒြာကျော်ဇင်

အနုပညာရှင်တွေဟာ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်ကြရသူတွေဖြစ်ကြပါတယ်။ လက်တွေ ့ဘဝမှာ ပျော်နေချိန်မှာ ငိုပြီး ဝမ်းနည်းရတဲ့

ဇာတ်ရုပ် (သို ့မဟုတ်) လက်တွေ ့ဘဝမှာ ဝမ်းနည်းနေချိန်မှာ ပျော်ရွှင်ရတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ခိုင်းရင်လည်း စိတ်နှစ်ပြီး သရုပ်ဆောင်ကြရတဲ့

သူတွေဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ ့ကိုယ်ပိုင်မိသားစုဘဝနဲ ့ချစ်တဲ့ ပရိသတ်ကြားမှာ အချိန်ပေးနိုင်အောင် ကြိုးစားပြီးလုပ်ဆောင်နေကြတာကိုလည်း

တွေ ့မြင်ကြမှာပါ။ ဒါကြောင့်မို ့ပရိသတ်ကြီးလည်း ဖတ်ပြီးသွားပြီဆိုရင် အူဝဲက ဘယ်လိုဆုံးဖြတ်သင့်လဲဆိုတာပါ ပြောသွားလိုက်ပါဦးနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။