အဆိုတော်ပိုပိုကတော့ အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာ အကြွေး တွေနဲ့ ကျပ်တည်းနေတာမို့  ဒီလို အချိန်မှာ ပြည်သူတွေကို မလှူနိုင်လို့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ 

Photo credit - po po ' s facebook page
Photo credit - Sue Kxet (Fantasy In Art)

သူမကတော့ " ဒီလို အချိန်မှာ စိတ်မကောင်းဖြစ်တာ တစ်ခုပဲကိုယ်တွေက အိမ်မှာ ခြိုးခြံချွေတာပြီးအေးဆေး နေလို့ရပေမဲ့သာမာန် နွမ်းပါးတဲ့သူတွေကအပြင်မှာ တစ်နေ့အလုပ်လုပ်မှ တစ်နေ့ စားရမှာလေပြီးတော့ Mask ဆိုတာ ဘယ်ဝယ်နိုင်မလဲ ကွယ်အခြေခံ လူတန်းစား တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေ အတွက် ဆန် တွေ ဆီတွေ လှူချင်ပေမဲ့ကိုယ်တိုင်က အကြွေး တွေနဲ့ ကျပ်တည်း​ေတာမို့မလှူနိုင်တာ" ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

Photo credit - Sue Kxet (Fantasy In Art)
Photo credit - Sue Kxet (Fantasy In Art)

သူမကတော့ " ရင်ဘတ်ထဲ မကောင်းဘူးအကြွေး လုံးဝ မရှိပဲ သိန်း၁၀၀ ရှိရင်တောင် သိန်း ၅၀ ကိုပြည်သူတွေ အတွက် ဆန် လှူမှာအခုတော့ ရင်ထဲ ငိုချင်တယ် မလှူနိုင်လို့ ပြည်သူတွေ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းနေပါတယ်နောက်ပြီး အစိုးရနှငတကွ ပိုက်ဆံရှိသူတွေ ဦးဆောင်ပြီးလှူဒါန်းနိုင်ကြပါစေ မေတ္တာတွေ မျှဝေကြပါရှင် " ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။

source: po po ' s facebook account 

Photo credit - Sue Kxet (Fantasy In Art)
Photo credit - Sue Kxet (Fantasy In Art)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။