အဆိုတော်ဘီဘီလမင်းအေးကတော့ myanmar idol ပြိုင်ပွဲကြီးကနေ ပေါ်ထွက်လာတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ မကြာခင်၂၅နှစ်ပြည့်မွေးနေ့လေးကို ကျရောက်လာခဲ့ပြီး မွေးနေ့လေးမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ကာ Surprise ကြီးကြီးတိုက်ပြီးပျော်ရွှင်အောင်ပြုလုပ်ပေးတဲ့ သူတွေကြောင့် ပျော်ရွှင်နေခဲ့ပါတယ်။

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

သူမကတော့ " မနေ့က (22-3-2020) Sunday မှာ 25th နှစ်ပြည့်မွေးနေ့အလှူ ကိုပြုလုပ်ရတဲ့အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ 25 နှစ်ပြည့်မွေးနေ့မှာ ဖူးကိုSurprise ကြီးကြီးတိုက်ပီးပျော်ရွှင်အောင်ပြုလုပ်ပေးကြသော ချစ်ရတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်လျှက် ဖူး " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

သူမကတော့ " အတူတကွလာရောက်ပါဝင်ကြတဲ့ညီအစ်ကို မောင်နှမတစ်ဦးတစ်ယောက်ခြင်းစီတိုင်း၊ World Vision Team /လူကိုယ်တိုင်မလာမရောက်နိုင်ပေမဲ့အလှူအားဖြင့် ပါဝင်ကူညီကြသော ညီအစ်ကိုမောင်နှမများ ၊ မွေးနေ့ဆုတောင်းပေးကြသော ဆရာသမားများ၊ အနုပညာရှင် ညီအစ်ကိုမောင်နှမများ ၊ မိသားစုဝင်များ အားလုံးကိုကျေးဇူးတင်ပါတယ် " ဆိုပြီး မွေးနေ့မှာ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source: Billy La Min Aye 's facebook account 

photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account
photo credit : Billy La Min Aye 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။