ခေးလေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးဟာ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပရသတ်တွေကလည်း သူမရဲ့ဖခင် ဦးလွင်မိုးခေတ်ကစပြီး ခေးလေးရဲ့ခေတ်အထိ အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သားလေး လွင်ထက်(ခ) Liam လေးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုတွေပါ ရရှိပိုင်ဆိုင်ထားကြတာပါ။ 

Photo Credit - Yunwaddy's Instagram Account
Photo Credit - Yunwaddy's Instagram Account
Photo Credit - Yunwaddy's Instagram Account

သူမဟာ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျနိုင်ငံတွင် ကျောင်းပြန်တက်ရန် ပြန်လည် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မပြန်ခင်လေးမှာလည်း ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေ များစွာ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ခေးလေးဟာ Tik Tok လေးတွေလည်း မကြာခဏ ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ Tik Tok Video လေးတွေကို လည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာလည်း ဖြစ်ပါတယ်။  

Photo Credit - Yunwaddy's Instagram Account
Photo Credit - Yunwaddy's Instagram Account
Photo Credit - Yunwaddy's Instagram Account

အခုမှာလည်း ခေးလေးရဲ့ Instagram လူမှုကွန်ယက်မှာ Tik Tok Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်နေရင်းပုံစံလေးကနေ ခပ်မိုက်မိုက်ဖက်ရှင်လေးကို တစ်စက္ကန့်အတွင်းပြောင်းလဲလိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ခေးလေးရဲ့ အမူအရာလေးတွေဟာလည်း ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခေးလေးရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Yunwaddy's Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။