အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်ပြီး ဖြူဖြူစင်စင်အပြုံးလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ စိုးပြည့်သဇင်က အေးချမ်းကြည်လင်တဲ့မျက်နှာလေးနဲ့ အမြဲတမ်း ရိုးရိုးယဉ်ယဉ်လေးလှနေတတ်တာ ဖြစ်ပါတယ်။ စိုးပြည့်က ရုပ်ရည်လေးတင် ချောမောလှပရုံသာမက စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။


ဒါကြောင့်လည်း စိုးပြည့်လေးကို ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုးပြည့်လေးက သူမချစ်ရတဲ့ ဖေဖေ၊မေမေတို့နဲ့အတူ ခရီးတွေထွက်နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုးပြည့်လေးက သူမရဲ့မွေးရပ်မြေဖြစ်တဲ့ တောင်ငူမြို့လေးကိုသွားရောက်ပြီး ငယ်ငယ်တုန်းက piano သင်ပေးခဲ့တဲ့ဆရာမကို အရောက်သွားတွေ့ခဲ့တာ ဖြစ်ပါတယ်။



ဒီအကြောင်းကိုတော့ စိုးပြည့်က " ဒီနေ့ကိုယ့်တောင်ငူမြေရောက်တော့..စိုးပြည့်၁၀နှစ်သမီးလောက်မှာpianoသင်ပေးခဲ့တဲ့ဆရာမNaw Ina Kehဆီကိုအရောက်သွားခဲ့တယ်..တီချယ်ကခုထိချောတုန်း..ငယ်ငယ်ကဆိုpianoတီးချင်တာကနည်းနည်း တီချယ့်ကိုငေးချင်တာကများများမဆုန်သင်းပါရ်နဲ့ကလည်းတူတယ်...ဆံပင်ကအရှည်ကြီး..တီချယ်ဘေးနားလာထိုင်ပြီဆိုမွှေးကြိုင်နေတာဘဲ....သင်ပေးရင်လည်းအရမ်းစိတ်ရှည်တာ...ကျောင်းဆင်းပြီဆိုတာနဲ့တီချယ့်ဆီမှာpianoသွားသင်တယ် တီချယ့်ဆီမှာသင်တာမြန်မာဆိုလို့စိုးပြည့်ဘဲရှိမယ်ထင်တယ်...ခုတီချယ့်ဆီမှာသင်နေကြတဲ့ကလေးလေးတွေတွေ့တော့ကိုယ့်ငယ်ဘဝလေးတောင်ပြန်လွမ်းမိတယ်..တီချယ်နဲ့လည်းအမှတ်တရပုံလေးတွေရိုက်လာခဲ့တယ်" ဆိုတဲ့စာသားလေးတွေနဲ့အတူ တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးပြည့်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit-Soe Pyae Thazin's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။