ပရိသတ်ကြီးရေ.. ကိုရီးယားမလေးတဟ်ယောက်လို့ ချစ်စရာကောင်းပြီး ဖြူဝင်းတဲ့အသားအရေ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်လေးတွေနဲ့ စကားပြောပုံလေးတွေကြောင့် ယောကျ်ားလေး ပရိသတ်တွေရဲ့ အချစ်တွေကို အများဆုံးရရှိထားသလို ချစ်စရာပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြသူလေးကတော့ ဟန်နာယူရီပဲ ဖြစ်ပါတယ်နော်..။
ဟန်နာယူရီကတော့ အနုပညာပိုင်းမှာ ပရိသတ်တွေအခိုင်အမာနဲ့ ကြော်ငြာတွေရိုက်ကူးကာ အနုပညာအလုပ်တွေ လုပ်ဆောင်နေသလို မိတ်ကပ်ပညာလောကမှာလည်း သင်တန်းတွေဖွင့်လှစ်ထားပြီး ထူးချွန်တဲ့ Makeup artists အဖြစ် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားသူလေးလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်အချစ်တော် တစ်ဦးအဖြစ် ရပ်တည်နေသူလေးမို့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြကာ ယူရီလေးကတော့ လတ်တလောမှာ ချစ်သူမထားသေးပေမယ့် တစ်ယောက်တည်းတော့ မနေဘဲ သေချာပေါက် လက်ထပ်မှာပါဆိုပြီး ပြောပြလာပါတယ်နော်..။
တစ်နှစ် နှစ်နှစ်အတွင်းကို အကောင်အထည်ဖော်စရာ လုပ်ချင်တာလေးတွေ အများကြီးရှိတာမို့ အသက် (၃၀) လောက်ဆို ချစ်သူထားကြည့်ပြီး (၃၂)နှစ် လောက်ဆိုရင် လက်ထပ်မယ်လို့ တွေးထားကာ သေချာပေါက်ကတော့ တစ်ယောက်တည်းကတော့ မနေဘဲ လက်ထပ်မှာပါဆိုပြီး ပြောပြထားတာပါ..။


“ချစ်သူထပ်ထားဖို့က ရင်းအတွက်က အသက် (၂၄) နှစ်လောက်က အရမ်းအလုပ်လုပ်လို့ ကောင်းနေတာ နောက်တစ်ချက်က ရင်းရင်းနှီးနှီး သူငယ်ချင်း သိပ်မရှိဘူး သူငယ်ချင်းတွေက လက်ချိုးရေလို့ရတယ် သူငယ်ချင်းတွေ မိတ်ဆက်မပေးတဲ့အတွက် ချစ်သူလည်း မရှိဘူး အမြဲတမ်းဘယ်သွားသွား ညီအစ်မတွေက ဘေးမှာ ပါနေတယ် အဲ့ကြောင့်မို့ပဲ ထင်တယ် အလုပ်ကိုပဲ အားစိုက်လုပ်နေလို့ လို့ပဲ ထင်ပါတယ်ရှင် ..” ဆိုပြီးတော့လည်း ချစ်သူထပ်မထားဖြစ်သေးတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။
ချစ်နေတုန်းကတော့ တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပြီး ကံမပါလို့ အခွင့်မပါလို့ လမ်းခွဲခဲ့တဲ့ အချစ်ရေးလေးအကြောင်းကိုလည်း ပြောပြထားသေးတဲ့ ဟန်နာယူရီရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။


Photo Credit - Hannayuri's FB Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။