ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်မျိုးသစ်လူငယ်တွေထဲမှာ ရိုးရှင်းအေးချမ်းပြီး ချစ်စရာကောင်းလွန်းတဲ့ ဒေါက်တာမလေးလည်း ဖြစ်သလို သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသမီးချောလေး ပိုးမမှီသာကတော့ ပရိသတ်အချစ်တော်လေးပါပဲ..။
ပိုးမမှီသာကတော့ ကျောင်းသူလေးတစ်ယောက်အဖြစ်ကနေ ဒေါက်တာမလေးဖြစ်လာသလို Sai Cosmetic အတွက် ကြော်ငြာတွေ ရိုက်ကူးရင်း Music Video လေးတွေ ရိုက်ဖြစ်တာကနေတစ်ဆင့် ပရိသတ်တွေရဲ့ တခဲနက်အချစ်တွေကို အခိုင်အမာရရှိကာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးသရုပ်ဆောင်လာသူလေးပဲ ဖြစ်ပါတယ်နော်..။


ပိုးမမှီသာကတော့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာ စိုင်းစိုင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုတွေကို ရရှိထားပြီး နောက်ပိုင်းဇာတ်ကားတွေ ထပ်ရိုက်ဖြစ်ဖို့က ကိုယ်တိုင်လည်း မသိသေးဘူးဆိုပြီး ပြောပြလာပါတယ်နော်..။
“ညီမကိုယ်ညီမ မင်းသမီးဖြစ်သွားပြီလို့ မယုံကြည်ထားသေးပါဘူး ညီမကအခုမှစပြီး ရိုက်လို့ စပြီးကြိုးစားနေစဲလူတစ်ယောက်ဖြစ်ပါတယ် ကိုယ့်ကိုကိုယ်တော့ မင်းသမီးဖြစ်ပြီလို့ မထင်သေးဘူးပေါ့နော် အဲ့ဒါကြောင့် ဒီနှစ်အကယ်ဒမီပွဲတက်ဖြစ်ဖို့ကို မသေချာသေးပါဘူး ..” ဆိုပြီးတော့ အကယ်ဒမီပွဲ တက်ဖြစ် မတက်ဖြစ်တဲ့အကြောင်းလေးကို ပြောပြထားပါတယ်နော်..။


“ပိတောက်ကတဲ့ဂီတ” ဇာတ်ကားကို ရိုက်ချင်လို့ကို အရဲစွန့်ပြီး ရိုက်လိုက်တာဖြစ်ပြီး အဲ့ဒီအပေါ်မှာမှ ပရိသတ်တွေရဲ့ အားပေးမှု ဝေဖန်မှုတွေအပေါ် မူတည်ပြီးတော့မှ နောက်တစ်ဖက်မှာရှိတဲ့ ကာရိုက်တာကိုကြည့်ပြီး ကြိုးစားသွားမှာဖြစ်တဲ့အကြောင်းလေးနဲ့ စိုင်းစိုင်းကလည်း အနုပညာနဲ့ပတ်သတ်ရင် အစစအရာရာသင်ပြပေးပါတဲ့အကြောင်းလေးတွေကိုလည်း သူမက ပြောပြထားပါသေးတယ်နော်..။
ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပို ဖမ်းစားထားတဲ့ မင်းသမီးချောလေး ပိုးမမှီသာရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - Amazing Grace & Ria Bo Vich
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။