ပရိတ်သတ်ကြီးရေ ပန်းနုသွေးဇာတ်လမ်းတွဲနဲ့ စတင်အောင်မြင်လာခဲ့တဲ့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေးမေမြင့်မိုရ်ကိုသိကြတယ်မလား။ သူမဟာ မတူညီတဲ့ဇာတ်ရုပ်မျိုးစုံကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် Rising Star Awardဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ ယခုဆိုရင်ဇာတ်လမ်းတွဲများသာမက ရုပ်ရှင်ကားကြီးလည်း ရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။
![](https://s5.kh1.co/50/502b6855c9c60897c0b1752de6e1d842837a27cd.jpg)
![](https://s5.kh1.co/7d/7d42e6113e02251fed6dd2dba0be70fc9b8ba88b.jpg)
မေမြင့်မိုရ်ဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "အချစ်စစ်အကြောင်း ပြောဖြစ်တဲ့အချိန်မှာတော့ ကိုယ့်ကိုသတိရပါ"ဆိုတဲ့ captionအမိုက်စားလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာအနက်ဂါ၀န်လေးကို၀တ်ဆင်ထားပြီး ၀င်းမွတ်လှပနေတဲ့ပေါင်တံသွယ်သွယ်လေးတွေဟာလည်း စွဲမက်ဖွယ်ကောင်းလှပါတယ်နော်။
![](https://s5.kh1.co/84/8489305c92f36879596ea6e2aa472b44072412b6.jpg)
![](https://s5.kh1.co/68/680593ea9c34813211d4c0a6c255d2be44a55f66.jpg)
မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ထားတဲ့ "Legends Of Warriors"ဆိုတဲ့ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွဲကြီးဟာလည်း ပြသနေပြီဖြစ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ဒီဇာတ်လမ်းတွဲကြီးကို ပရိတ်သတ်ကြီးအားလုံး ကြည့်ရှုအားပေးကြမယ်မလား။ ချစ်စရာကောင်းနေတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
![](https://s5.kh1.co/fd/fd8bb38d87c5694dc1485612cd46f5aead693d55.jpg)
![](https://s5.kh1.co/80/80695606044a3bb7bae0f37b4abc25e6fbb333ce.jpg)
Source-May Myint Mo's Facebook acc
Photo Credit-May Myint Mo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။