ပရိသတ်ကြီးရေ ညိမ်းသော်ကတော့ သူရဲ့ချောမောခန့်ညားတဲ့ Body နဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမပျိုလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

ခန္ဓာကိုယ်အမိုက်စားနဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် ထင်မှတ်ရလောက်တဲ့ညိမ်းသော်က ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ညိမ်းသော်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ အနက်ရောင် မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ နူတ်ခမ်းနီမလေးတွေကို ကြွေစေပြန်တဲ့ အလန်းစားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိပြီးသန့်ပြန့်ခန့်ညား အထာကျနေတာလည်းဖြစ်ပါတယ်။အမြဲဆိုသလို ပုံအမိုက်စားလေးတွေအပြင် Gym ကအကြမ်းစားပုံလေးတွေကိုလည်း မကြာခဏတင်လေ့ရှိကာ ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးကြတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် ညိမ်းသော်ရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

Source & Photo Credit : Nyein Thaw Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။