ပရိသတ်တွေအားကျနေရတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံအတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Scarlettလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ မိသားစုလေးကို ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရန်ဖြစ်တာမျိးလည်း မရှိဘဲ ပျော်ရွှင်စရာကောင်းလွန်းတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ သမီးလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်မဝခြင်းကို ရရှိထားတာပါ။ အမြဲလိုလိုလည်း ခရီးတွေတောက်လျှောက်သွားလေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ပရိသတ်တွေကို ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။
အခုမှာလည်း အာဘွိုင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ " ပုဂံမှာ အပိုဝင်ငွေလေးရအောင် ဆိတ်ကျောင်းနေတဲ့ အာဘွိုင်းနှင့် မြတ်ရတနာကျော်
Sources from Kyaw Phyo Tun’s FB " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source and Photo Credit- Ye Min Lay Photography and Ah Boy’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။