ရှာရှာလို့ အားလုံးကို ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော်လေး ပတ်ထရစ်ရှာကတော့ မော်လ်ဒယ်မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်မင်းသမီးချောလေးပါပဲ..။

ထိုင်းမင်းသမီးလေးလို ချစ်စရာကောင်းတဲ့မျက်နှာချိုချိုလေးနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page

အမိုက်စားပုံရိပ်လေးတွေနဲ့ ပုရိသပရိသတ်တွေကို အမြဲဖမ်းစားတတ်တဲ့ ရှာရှာလေးဟာ အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိရှိ ဓာတ်ဖမ်းစားတဲ့ အထာကျကျအမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုသဘောကျစေပြန်ပါတယ်နော်..။

သူမရဲ့ ဝင်းဝါစိုပြေတဲ့ အသားအရေလေးနဲ့ လိုက်ဖက်တဲ့ အဝါရောင်ဖက်ရှင်လေးကို အထာကျကျလေး ဝတ်ဆင်ကာ ခပ်မိမိလေး ဓာတ်ဖမ်းကာ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့လည်း ရှာရှာလေးက ကဖမ်းစားလိုက်တာပါနော်..။

Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page

အဝါရောင်နဲ့ ပျော်ရွှင်မှုဆိုပြီး ဂျင်းဘောင်းဘီ တီရှပ်အကျႌအဝါလေးကို လိုက်ညီညီဝတ်ဆင်ပြီး လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဆန်ဆတ်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ အမိုက်စားလေး ပဲပေးဓာတ်ဖမ်းထားတာမို့ ပရိသတ်တွေလည်း အသည်းယားသဘောကျနေကြမှာပါနော်..။

"Yellow = Happiness.." ဆိုပြီး ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ခပ်လန်းလန်း အထာကျကျပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ရှာရှာလေးက ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page
Photo Credit - Patricia (Sue Sha Naing) FB Page

Source & Photo Credit - Patricia (Sue Sha Naing) FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။