မင်းသားချောလေးနက္ခတ်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ နက္ခတ်ကတော့ မကြာခင်ရက်ပိုင်းက MRTV 4 မှာပြသလို့ ပြီးသွားတဲ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုပါဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားခဲ့သူဖြစ်ပါတယ်။
သရုပ်ဆောင်နက္ခတ်ကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာယူထားနိုင်တဲ မင်းသားချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ နက္ခတ်တစ်ယောက် ကျွန်တော်အမုန်းဆုံးကျွန်တော်ဆိုတဲ့ ဝတ္ထုကို ရေးသားခဲ့တဲ့ ဆရာကြီး လယ်တွင်းသားစောချစ်အား သွားရောက်ဂါဝရပြုခဲ့ပါတယ်။
နက္ခတ်ကတော့ " ဒီနေ့ ဆရာကြီး လယ်တွင်းသားစောချစ်အား သွားရောက်ဂါဝရပြုခဲ့ပါတယ်ဆရာကြီးပေးတဲ့ စာအုပ်လက်ဆောင်နှင့် ဆရာကြီးရဲ့ဆုံးမစကားများနှင့် ဗဟုသုတများစွာ ကို မှတ်သားနာယူခဲ့ရပါတယ် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး နက္ခတ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
source: Nat Khat 's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။