ပရိသတ်ကြီးရေ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုလုံးဝမလုပ်ကိုင်တော့ဘဲ နယူးယောက်မှာသာအခြေချနေထိုင်နေတာဖြစ်ပါတယ်။တစ်ခါတစ်လေလည်း မြန်မာပြည်ကိုပြန်လာလည်ပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဥက္ကာမင်းမောင်ကို ယနေ့အချိန်ထိအားပေးနေကြဆဲဖြစ်ပါတယ်။



ဥက္ကာမင်းမောင်က အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်လျှောက်လှမ်းခဲ့ပြီး တောင့်တင်းခိုင်မာတဲ့ကြွက်သားတွေနဲ့ အရပ်အမောင်းတွေက မော်ဒယ်လ်တစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီသလို ချောမောခန့်ညားတဲ့ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတာပါ။ဥက္ကာမင်းမောင်ကတော့ ယနေ့အချိန်ထိလည်း ခန့်ညားချောမောနေဆဲဖြစ်ပြီး တောင့်တင်းခိုင်မာတဲ့ဗလကြီးတွေကိုလည်းပိုင်ဆိုင်ထားတာပါနော်။


အခုဆိုရင်တော့ ဥက္ကာမင်းမောင်က"အဲ့ဒီလို ပြားချပ်ချပ်လေးပြန်ဖြစ်အောင် ဘယ်လိုလုပ်ရပါ့.. စားချင်တာတွေ စိတ်လွတ်ကိုယ်လွတ်စားပြီး gym လဲ မသွားတော့တဲ့သကာလ ဗိုက်ကလေးပူလာပြီ.. Single ဘဝတုန်းကမှသေချာကစားဖြစ်သေးတယ်.. ရည်းစားရဖို့အရေးဒို့အရေးလေ.. လူတွေက ရည်းစားရှိသွားရင်အဲ့လိုပဲ... ကိုယ်ဘယ်လိုပုံဖြစ်ဖြစ် ချစ်တယ်ဆိုတာသိရော ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ကြတော့ဘူး.. အဲ့အထဲ ကိုယ်လဲ တစ်ယောက်အပါအဝင်ပဲ.. အခုဗိုက်ကလေးပူလာတော့ စိတ်ညစ်.. ပျင်းကလဲပျင်း.. လွန်ခဲ့သော ၃ နှစ်က ပုံလေးပြန်ကြည့်ရင်း အဲ့ဗိုက်ကလေး ပြန်လိုချင်တယ်.. ဗြဲ"ဆိုပြီး အမိုက်စားပုံရိပ်လေးနဲ့ ရေးသားမျှဝေလာတာဖြစ်ပါတယ်။



Source&Photo Credit:Okkar Min Maung's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။