ချစ်ပရိသတ်ကြီးရေ ထက်ထက်ထွန်းကတော့ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ဖြူဝင်းကြည်လင်တဲ့ အသားရည်လေးကော သွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုပါ ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။သူမဟာ အလှမယ် မော်ဒယ်တစ်ဦးဖြစ် ဝင်ရောက်လာပြီး ယခုချိန်တွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကာ သရုပ်ဆောင်လောကသို့ ဝင်ရောက်လာပြီး ပရိတ်သတ်အသိမှတ်ပြုခံထားရတဲ့ မော်ဒယ်မင်းသမီးချောလေးဖြစ်ပါတယ်။

Photo Credit : Htet Htet Htun Facebook Account
Photo Credit : Htet Htet Htun Facebook Account

ထက်ထက်ထွန်းကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထား နိုင်သူလေးဖြစ်ပါတယ်။ အချိန်တိုင်း ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေနဲ့ အမြဲ စမတ်ကျလှနေသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ Yangon International Motor Show 2020 မှာ MC လုပ်ပေးဖြစ်ခဲ့တဲ့ အမှတ်တရ ဖက်ရှင်ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Htet Htet Htun Facebook Account
Photo Credit : Htet Htet Htun Facebook Account

ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ထက်ထက်ထွန်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။။ ပရိတ်သတ်ကြီးလည်း သူမရဲ့ ရှေ့ဆက် အနုပညာအလုပ်တွေကိုအားပေးလိုက်အုံးပါနော်။

Photo Credit : Htet Htet Htun Facebook Account
Photo Credit : Htet Htet Htun Facebook Account

Source & Photo Credit : Htet Htet Htun Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။