ချစ်စရာကောင်းတဲ့ အမူရာလေးတွေကြောင့် ပရိသတ်တွေ ချစ်နေရသူလေးကတော့ မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေလုပ်တာ သိပ်မကြာသေးပင်မယ့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။ သဲဟာ ရုပ်သံဇာတ်လမ်းတွဲများတွင်လည်း ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။



သူမဟာ အစ်ကိုဖြစ်သူ နေရဲ၊ သူငယ်ချင်းတွေ ဖြစ်တဲ့ မင်းခန့်ကို ၊မင်းခန့်ညီတို့နဲ့အတူ Dream Creat Do ဆိုတဲ့ Facebook Page လေးဖွင့်ကာ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ VLOG လေးတွေိကို အမြဲ ဝေမျှတင်ဆက်ပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ သဲဟာ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေအမြဲ သိရှိနိုင်ရန် ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Tik Tok လေးတွေလည်း ဆော့ကစားလေ့ ရှိပြီး ဗီဒီယိုလေးတွေကိုလည်း တင်ပေးလေ့ ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။



အခုတစ်ခါမှာလည်း မင်းခန့်ကိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Tik Tok Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သဇင်ထူးမြင့်ကို အပင်ကအဆူးလေးတွေစူးမှာစိုးလို့နေရာရွှေ့ပေးကာသူကိုယ်တိုင်အဆူးခံလိုက်တဲ့ မင်းခန့်ကိုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီTik Tok Video လေးကို ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Credit - Min Khant Ko's and Thazin Htoo Myint's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။