မိတ်ကပ်ပညာရှင်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်စွာရပ်တည်နေတဲ့ ညီညီမောင်(စမ်းချောင်း) ခေါ် သုသုကတော့ သဘောမနောကောင်းပြီး ပျော်ပျော်နေတတ်သူ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး ရင်းနှီးဖော်ရွေတဲ့ သုသုကတော့ လူချစ်လူခင်ပေါများပြီး မျက်နှာပွင့်နေတာ ဖြစ်ပါတယ်။ သုသုက သူမချစ်ရတဲ့မိတ်ကပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်သလို ဝါသနာပါတဲ့သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

မိတ်ကပ်ပညာမှာထူးချွန်တဲ့ သုသုက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မင်းသမီးချော နန္ဒာလှိုင်ရဲ့ပွဲတက်အတွက် တာဝန်ယူပြင်ဆင်ပေးခဲ့ရပါတယ်။ သုသုက သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသွားတဲ့ ပြည်သူ့အချစ်တော် နန္ဒာလှိုင်အတွက် အလှပဆုံးပြင်ဆင်ခြယ်သပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သုသုတစ်ယောက် နန္ဒာလှိုင်တို့ဇနီးမောင်နှံဆီကနေ မုန့်ဖိုးတွေအများကြီးရရှိခဲ့တာဖြစ်ပြီး သူမတတ်နိုင်သလောက် အလှူပြန်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

ဒီအကြောင်းနဲ့ပတ်သက်ပြီး သုသုက " ကိုဇေ + မလတ် မုန်ဖိုးအများကြီးပေးလို့ ကျေးဇူးပါ ကိုဇေ + မလတ် မိသားစုအတွက် သုတို့မိသားစု ရဲ့နိုင်သလောက်အလှူလေးပါ " ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ သုသုက နန္ဒာလှိုင်တို့ဇနီးမောင်နှံရဲ့နာမည်နဲ့ ဆေးပဒေသာပင် တစ်သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ နန္ဒာလှိုင်ရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Nyi Nyi Maung's FB Acc

Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc
Photo Credit-Nyi Nyi Maung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။