မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေရဲ့နှုတ်ဖျားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ မိန်းမလှလေးတစ်ဦးဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ပြေပြစ်သွယ်လျတဲ့ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ အားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့ သင်ဇာက လတ်တလောလူမှုကွန်ယက်စာမျက်နှာမှာလည်း ကျော်ကြားအောင်မြင်နေတာ ဖြစ်ပါတယ်။


သင်ဇာက အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် သရုပ်ဆောင်ပိုင်းကို ကြိုးကြိုးစားစားလုပ်ကိုင်လာခဲ့သလို အခုနောက်ပိုင်းမှာလည်း သူမရဲ့အနုပညာအရည်အချင်းတွေက ပိုမိုထူးချွန်လာတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြားပိုပိုပြီး လှလာတဲ့ သင်ဇာက အခုလည်း ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ပုံရိပ်တွေကို မျှဝေလိုက်ပြန်ပါတယ်။ သင်ဇာက ညအိပ်ဝတ်စုံပါးပါးလေးနဲ့ ကောက်ကြောင်းအလှတွေပေါ်လွင်နေတဲ့ ပုံရိပ်တွေကိုချပြလိုက်တာပဲ ဖြစ်ပါတယ်။



အလှအပနဲ့ပတ်သက်ပြီး ခေါင်းအစ ခြေအဆုံးအပြစ်ဆိုဖွယ်မရှိအောင်လှနိုင်လွန်းတဲ့ သင်ဇာကတော့ ပုရိသတွေရဲ့နှလုံးသားမှာ နေရာယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက အသည်းယားစရာကောင်းတဲ့ပုံစံလေးနဲ့ မခို့တရို့ပို့စ်ပေးနေတာကလည်း ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source:Thin Zar Wint Kyaw's FB Acc
Photo Credit-Amazing Grace



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။