နေခြည်ဦးကတော့ Beauty Blogger အဖြစ် ပရိသတ်တွေရဲ့စတင်အားပေးခြင်းခံခဲ့ရပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးက အနုပညာသက်တမ်းနုသေးပေမယ့်လည်း သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေက တကယ့်ကိုသဘာဝကျပီပြင်လွန်းတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နေခြည်ဦးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ်။

Photo Credit-Bling Bling Photography
Photo Credit-Thi Ha

ဒီရက်ပိုင်းမှာလည်း နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက အခုဆိုရင်လည်း အရင်ကထက်တောင် ပိုတိုးလို့လှလာတာ ဖြစ်ပါတယ်။ အမြဲတမ်းဖက်ရှင်ကျပြီး ခေတ်မှီနေတဲ့ နေခြည်ဦးက အခုလည်း ရွှေရောင်ဖက်ရှင်နဲ့ အပြတ်အသတ်လှနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Thi Ha
Photo Credit-Thi Ha
Photo Credit-Thi Ha

လူမှားသွားရလောက်အောင် လှနေတဲ့ နေခြည်ဦးက ပုရိသတွေကြွေမယ်ဆိုရင်လည်း ကြွေနိုင်လောက်တာ ဖြစ်ပါတယ်။ နေခြည်ဦးက ''မနက်ဖြန်ပေါင်းများစွာကို ရွှေရောင်သန်းတဲ့ အိပ်မက်တွေနဲ့ ဖြတ်သန်းမယ် #naychioo '' ဆိုပြီး သူမရဲ့အမိုက်စားပုံရိပ်တွေကို ချပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ ညို့အားပြင်းပြင်းအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Nay Chi Oo's FB Acc

Photo Credit-Thi Ha

Photo Credit-Thi Ha
Photo Credit-Thi Ha
Photo Credit-Thi Ha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။