ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လတ်တလောမှာဆိုရင် ဩစတေးလျကိုပြန်ရောက်နေကြပြီဖြစ်ပြီး အနာဂတ်အတွက် ကြိုးစားသင်ယူနေကြတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကတော့ သားသားလေးကို ဖိုးဖိုး၊ဖွားဖွားတို့နဲ့ စိတ်ချစွာထားခဲ့ပြီး Video Callလေးတွေပြောကာ အလွမ်းဖြေနေရတာဖြစ်ပါတယ်။လွင်မိုးတို့ဇနီးမောင်နှံကလည်း Liamလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး နွေးထွေးတဲ့မေတ္တာတရားတွေပေးနေကြတာဖြစ်ပါတယ်။
Liamလေးကလည်း (၁)နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး စကားတွေလည်းတီတီတာတာပြောတတ်နေလို့ တွေ့သူတိုင်းကချစ်ကြပါတယ်နော်။Liamလေးက ဖိုးဖိုးလွင်မိုးနဲ့အတူ အမြဲတမ်းလိုလိုဆော့ကစားပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း Liamလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံကြကာ ချစ်မဝတွေဖြစ်နေရတာဖြစ်ပါတယ်နော်။
ပရိသတ်တွေကတော့ Liamလေးကို လွင်မိုးနဲ့တူတယ်လို့မှတ်ချက်ပေးကြသလို Liamလေးရဲ့ဖေဖေနဲ့ ချွတ်စွပ်တူတယ်လို့လည်းပြောနေကြတာပါနော်။Liamလေးကတော့ ဘယ်သူနဲ့ပဲတူတူ အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပြီး အခုဆိုရင်လည်း ဖေဖေနဲ့အတူ အင်္ကျီဆင်တူလေးဝတ်ကာ သားအဖနှစ်ယောက်ချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးကို မေမေယွန်းဝတီလွင်မိုးက Instagramမှာ မျှဝေခဲ့တာဖြစ်ပါတယ်။
Source&Photo Credit: Yunwaddy's IG acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။